
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောဆိုမှုအတွင်း TikTok သဘောတူညီချက်အရ တိုးတက်မှုတွေ ရှိခဲ့ကြောင်းနဲ့ နောက်လ တောင်ကိုရီးယားမှာ မျက်နှာချင်းဆိုင် တွေ့ဆုံကြဖို့လည်း သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကုန်သွယ်ရေး၊ ဖှန်တနဲလ်၊ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို အဆုံးသတ်အောင် လုပ်ဆောင်ပေးဖို့နဲ့ TikTok သဘောတူညီချက်ရဲ့ အတည်ပြုချက် အပါအဝင် အလွန်အရေးကြီးတဲ့ ကိစ္စရပ် အတော်များများမှာ တိုးတက်ခဲ့ပါတယ်လို့ ထရမ့်ပ် က ထရုသ်ဆိုရှယ်မှာ ပို့စ်တင်ရေးသားခဲ့ပါတယ်။
သူနဲ့ သမ္မတ ရှီ တို့ဟာ တောင်ကိုးရီးယားမှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံကြဖို့ကို သဘောတူခဲ့ကြောင်းလည်း ဆိုပါတယ်။
“နောက်နှစ်အစောပိုင်းမှာ ကျနော် တရုတ်နိုင်ငံကို သွားဖို့ရှိပြီး သမ္မတ ရှီကျင့်ဖျင်ကလည်း အမေရိကန်ကို သင့်တော်တဲ့အချိန် လာမှာ ဖြစ်ပါတယ်။”
TikTok နဲ့ ပတ်သက်ပြီး ခေါင်းဆောင်တွေအကြားက သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကိုတော့ မဖော်ပြထားပါဘူး။ အိမ်ဖြူတော်ကလည်း ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။
Source: Reuters