
မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၁ ယောက် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း မလေးရှားနိုင်ငံထုတ် The Sun သတင်းစာမှာ စက်တင်ဘာ ၂၅ ရက်က ဖော်ပြပါတယ်။
ဒါဟာ စက်တင်ဘာ ၂၃ ရက်ကနေ ၃ ရက်အတွင်း ပါစီပူးတေးဒေသထဲမှာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင်နိုင်ငံခြားသားတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေအတွက် တာနာမေရာ လူဝင်မှုကြီးကြပ်ရေးဌာနဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဒါရိုက်တာ မိုဟာမက်ယူစွတ်ခန်ကတော့ ပြည်နယ်အတွင်း တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေ ရှိနေတာကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီးတော့ မဆုတ်မနစ် ကြပ်မတ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ရွှေ့ပြောင်းအခြေချသူတွေ၊ ဒါမှမဟုတ် နိုင်ငံခြားသားတွေ ပါဝင်နေတဲ့ တရားမဝင်လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းအချက်အလက်တွေ ပေးပို့ကြဖို့လည်း တိုက်တွန်းထားသလို တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို လှုံ့ဆော်တာ၊ ပံ့ပိုးကူညီတာတွေ လုပ်ဆောင်နေတဲ့ ဘယ်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
Source: The Sun Malaysia