Home
နိုင်ငံတကာ
ကုန်သွယ်မှုမြှင့်တင်ရေး RCEP အဖွဲ့ခေါင်းဆောင်များ ဆွေးနွေးမည်ဟု မလေးရှား ပြော
DVB
·
September 23, 2025

တရု တ်ကျောထောက်နောက်ခံပြု ဒေသဆိုင်ရာ ဘက်စုံစီးပွား မိတ်ဖက်ဆက်ဆံရေးအဖွဲ့ (RCEP) ဟာ  အဖွဲ့ဝင်အသစ်တွေ ပေါင်းထည့်ဖို့ စဉ်းစားနေပြီး ခေါင်းဆောင်တွေဟာ အောက်တိုဘာလမှာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာ ကုန်သွယ်မှုစီးဆင်းမှု တိုးတက်စေရေး နည်းလမ်းတွေကို ဆွေးနွေးမယ်လို့ မလေးရှား ကုန်သွယ်ရေးဝန်ကြီးက စက်တင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

RCEP ကုန်သွယ်မှု သဘောတူညီချက်အတွက် တိုးတက်မှုတွေကို အကြံပြုနိုင်ပြီး အစုအဖွဲ့မှာ ပါဝင်ဖို့ နိုင်ငံတချို့ရဲ့  တောင်းဆိုမှုတွေကို ထည့်သွင်းစဉ်းစားနိုင်မယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး တန်ခူ ဇာဖရူ အာဇစ်က အဖွဲ့ဝင်နိုင်ငံတွေကို အစည်းအဝေးမှာ ပြောပါတယ်။

စက်မှုဝန်ကြီးက “RCEP အဖွဲ့ဝင်တွေကို ကူညီမယ့် ​​ကိစ္စတွေကို ကျနော်တို့ အာရုံစိုက်ချင်ပါတယ်” လို့ အခုသီတင်းပတ် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မလေးရှားအစိုးရဟာ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့အခါ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ RCEP ရဲ့ ထိပ်သီးအစည်းအဝေးကိုပါ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့  နယူးဇီလန်တို့ ပါတဲ့ RCEP ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလကစပြီး ခေါင်းဆောင်များ အစည်းအဝေးကို တရားဝင် မကျင်းပခဲ့ပါဘူး။

ကုန်သွယ်မှုသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ချိန်က ကုန်သွယ်ခွန်လျှော့ချရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ ဒေသတွင်းမှာ ကုန်စည်တွေ ပိုလွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပြုရေးတို့အတွက် ရည်ရွယ်ချက် ထားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013