Home
မြန်မာသတင်း
သန်လျင်တွင် ဆီဘောက်ဆာကားမီးလောင်ပြီး လူ ၃ ဦး ဒဏ်ရာရ
DVB
·
September 24, 2025

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဆီဘောက်ဆာကားမီးလောင်ပြီး လူ ၃  ယောက် ဒဏ်ရာ ရခဲ့တယ် လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။

စက်တင်ဘာ ၂၃ ရက် မနေ့ ညနေ ၅ နာရီကျော်လောက်က မြို့ဟောင်းအလယ်ရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ဗိုလ်ချုပ်နေဝင်းလမ်းထောင့်မှာ ရှိတဲ့ လမ်းဘေးဆီဆိုင်မှာ ဖြစ်ခဲ့တာပါ။

အဲဒီဆီဆိုင်ရဲ့ မီးအားမြှင့်စက်မှ အပူလွန်ပြီး မီးပွားတွေ ထွက်တဲ့အချိန်မှာ ဆိုင်ရှေ့မှာ ဆီချနေတဲ့ ဆီငွေ့ နဲ့ ထိတွေ့တာကြောင့် မီးလောင်ခဲ့တာလို့ သိရပါတယ်။

မီးလောင်တဲ့အတွက် အသက် ၁၅ နှစ်အရွယ်  ဆီဆိုင်အလုပ်သမားရဲ့ ဘယ်ညာ ခြေသလုံး၊ ဝမ်းဗိုက်၊ ဦးခေါင်းတွေ မီးလောင်ခံရတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဆီဆိုင်ပိုင်ရှင်လည်းဖြစ်၊ ကားမောင်းသူလည်း ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားရဲ့  ခန္ဓာကိုယ် ညာဘက်အခြမ်းနဲ့ ဆီဆိုင်လုပ်သား အသက် ၂၃ နှစ်အရွယ် အမျိုးသားရဲ့ ဘယ်ညာ နှစ်ဖက်လုံး လက်၊ ခြေသလုံး၊ လက်ဖျံတွေမှာ မီးဟပ်ခံခဲ့ရတယ်လို သိရပါတယ်။ 

မီးလောင်မှုကြောင့် ဒဏ်ရာပြင်းထန်ရသွားတဲ့ ဆီဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် ကိုရဲထက်ကို သန်လျင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၈၊ ၃၃၇ နဲ့ အမှုဖွင့်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013