Home
မြန်မာသတင်း
နေပြည်တော်တွင် မိုးများပြီး ရေကြီးရေလျှံ
DVB
·
September 24, 2025
Photo: Local
Photo: Myanmar Fire Services Department
Photo: Myanmar Fire Services Department
Photo: Myanmar Fire Services Department
Photo: Local
Photo: Local
Photo: Local

နေပြည်တော်မှာ စက်တင်ဘာ ၂၃ ရက်ညပိုင်းက  မိုးသည်းထန်နေတဲ့အတွက် ရေကြီးရေလျှံ ဖြစ်ပွားနေတယ်လို့ မြေပြင်ကိုရောက်နေတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မိုးသည်းထန်စွာ ရွာနေတာကြောင့် ပုဗ္ဗသီရိမြို့နယ်ထဲက နဝဒေးရပ်ကွက်နဲ့ တပင်ရွှေထီး ရပ်ကွက်ထဲမှာ ရုတ်တရက် ရေကြီးပြီး ကားလမ်းမပေါ် ရေကျော်တာနဲ့ ရပ်ကွက်ထဲက ရေဝင်ရောက်နေတာလို့ ည ၁၀ နာရီခွဲဝန်းကျင်မှာ မြေပြင်ကိုရောက်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်ထဲက အ.ထ.က (၂၀) ရှေ့မှာ ရေကြီးရေလျှံနေတယ်လို့ မြေပြင်ကိုရောက်နေတဲ့ သဗ္ဗသုခ နာရေးကူညီမှုအသင်းရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ရေတွေဟာ အဆမတန်မြင့်တက်လာတာမျိုး မဟုတ်ပေမဲ့ ရေစီးသန်နေတဲ့အတွက် သွားလာရေးအခက်အခဲရှိတယ်လို့လည်း သိရပါတယ်။

မြေပြင်ကိုရောက်နေတဲ့ ပရဟိတသမားတယောက်က “ရေက မိုးရေပါပဲ၊ ဆည်ရေ မဟုတ်သေးပါဘူး။ ဒူးလောက်၊ ပေါင်လောက်မဟုတ်ပေမဲ့ ရေစီးတအားသန်တော့ သွားလို့လာလို့ အဆင်မပြေဘူး”လို့ လူမှုကွန်ရက်ကနေ Live လွှင့်ပြီး အသိပေးထားပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်နေရာကို သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေ ရောက်ရှိနေပြီး ရေအခြေအနေ စောင့်ကြည့်နေကြပါတယ်။

ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ညောင်လူးကျေးရွာနဲ့ အင်ကြင်းစုကျေးရွာတွေမှာ ရေကြီးရေလျှံနေတာကြောင့် ဒေသခံတချို့ကို စက်လှေတွေနဲ့ သွားရောက်ကူညီ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။

စူပါတိုင်ဖွန်း ရာဂါဆာ အရှိန်နဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်နေပြီး ရေကြီးရေလျှံမှုတွေကို သတိထားကြဖို့ မိုးဇလဌာနကလည်း သတိပေးထားပါတယ်။

စူပါတိုင်ဖွန်း ရာဂါဆာရဲ့ အရှိန်နဲ့ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်း ရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း စက်တင်ဘာလကုန်ပိုင်းအထိ  မိုးသည်းထန်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံ၊ မြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် သတိထား နေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013