Home
နိုင်ငံတကာ
ဆိုဗီယက်ခေတ် Intervision နိုင်ငံတကာသီချင်းဆိုပြိုင်ပွဲကို ရုရှား ပြန်အသက်သွင်း
DVB
·
September 22, 2025

ဥရောပနိုင်ငံစုံပါဝင်တဲ့ ယူရိုဗီးရှင်း သီချင်းဆိုပြိုင်ပွဲကနေ ထုတ်ပယ်ခံထားရတဲ့ ရုရှားဟာ  ဆိုဗီယက်ခေတ် Intervision   အပြည်ပြည်ဆိုင်ရာ သီချင်းဆိုပြိုင်ပွဲကို  ဒီနှစ်မှာ ပြန်အသက်သွင်းပြီး ကျင်းပခဲ့ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာတော့ ဗီယက်နမ် ကိုယ်စားပြု ယှဉ်ပြိုင်သူ ဒုခ်ဖု က အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ 

တရုတ်၊ အိန္ဒိယ၊ ဘရာဇီးတို့ အပါအဝင် ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့  နိုင်ငံပေါင်း ၂၃ က  အဆိုတော်တွေ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ဆုကြေးငွေ ရူဘယ် သန်း ၃၀  (ဒေါ်လာ ၃၆၀,၀၀၀ ) ပေးတဲ့ပွဲ ဖြစ်ပါတယ်။

Intervision ဟာ ဆိုဗီယက်ခေတ်တုန်းက အရှေ့ဥရောပက ဆိုဗီယက် လက်အောက်ခံနိုင်ငံတွေနဲ့ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကို ပြန်အသက်သွင်းထားတာ ဖြစ်ပါတယ်။ 

ရုရှားဟာ ၂၀၂၂ မှာ ယူကရိန်းကို အလုံးစုံကျူးကျော်ပြီးကတည်းက ဥရောပနိုင်ငံစုံ ပါဝင်တဲ့ ယူရိုဗီးရှင်း သီချင်းဆိုပြိုင်ပွဲကနေ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဩစတြေးလျမှ မွေးတဲ့ အမေရိကန်က အနုပညာရှင် Vassy တယောက်သာ အနောက်နိုင်ငံ တနိုင်ငံကို ကိုယ်စားပြုတဲ့ အဆိုရှင်အဖြစ် ဒီပြိုင်ပွဲမှာ ပါဝင်ခဲ့ပါတယ်၊။ ဒါပေမဲ့ ဩစတြေးလျနိုင်ငံရဲ့ နိုင်ငံရေးဖိအားကြောင့် ဆိုပြီးတော့ နောက်ဆုံးဖိုင်နယ်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ရုရှားနိုင်ငံကိုယ်စားပြုပြီးတော့ ယာရိုဆလက်ဗ် ဒရိုနော့ဗ်က Sharman ဆိုတဲ့ အနုပညာနာမည်နဲ့  ဝင်ပြိုင်ခဲ့ပါတယ်။

ဒရိုနော့ဗ်ဟာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး သီချင်းတွေပါ သီဆိုပြီးတော့ လူကြိုက်များခဲ့ပေမဲ့ သူ့ကို မရွေးဖို့ ဒိုင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

အားလုံးလာပြိုင်ကြတာနဲ့တင် ရုရှား ကနိုင်နေပြီဖြစ်လို့ သူ ဆုရဖို့ မလိုတော့ဘူးလို့ ပြောခဲ့တာပါ။ အခု ပြိုင်ပွဲသစ်မှာ ရုရှားနဲ့ ဆက်ဆံရေးကောင်းတဲ့ ဘီလာရုစ်၊ ကျူးဘား၊ ကာတာ၊  ဆော်ဒီ၊ တောင်အာဖရိက၊ ယူအေအီး၊ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေက ပြိုင်ပွဲဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024