Home
နိုင်ငံတကာ
F-16 တိုက်လေယာဉ်က  ရုရှားဒရုန်းများကို ပစ်ချခဲ့ဟု ယူကရိန်းလေတပ် ထုတ်ပြန် 
DVB
·
September 21, 2025

F-16 တိုက်လေယာဉ်တွေက မောင်းသူမဲ့လေယာဉ်တွေကို ကောင်းကင်ယံကနေ ပစ်ချနေတဲ့ ရုပ်သံ ဗီဒီယိုကို ယူကရိန်းလေတပ်က စက်တင်ဘာ ၂၀ ရက်မှာ ထုတ်လွှင့်ပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်တွေက ဒရုန်း ၅၅၂ စင်းနဲ့ ဒုံးကျည် ၃၁ စင်းတို့ကို ပစ်ချခဲ့တယ်လို့  ယူကရိန်းလေတပ်က ပြောပါတယ်။ ဗီဒီယိုရိုက်တဲ့ တည်နေရာ ၊ရက်စွဲနဲ့ စစ်မြေပြင်သတင်းတွေကို သီးခြားအတည်မပြုနိုင်ပါဘူး။ 

ရုရှားနိုင်ငံဟာ ယူကရိန်းဆီ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ညလုံးပေါက် ပစ်လွှတ်ခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရတဲ့အပြင် အခြေခံအဆောက်အအုံတွေနဲ့ လူနေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စနေနေ့မှာ ပြောပါတယ်။

တယ်လီဂရမ် အက်ပ်ကနေ ထုတ်ပြန်ချက်ထဲမှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံထဲက ဒေသအသီးသီးမှာ ရှိတဲ့ အခြေခံအဆောက်အအုံတွေ၊ အရပ်ဘက်ကုန်ထုတ်ကုမ္ပဏီတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး ဒရုန်းအစင်းရေ ၅၈၀ နဲ့ ဒုံးကျည် အစင်း ၄၀ လောက်ကို ပစ်လွှတ်ခဲ့တယ်လို့ ဇလန်းစကီးက ပြောထားပါတယ်။ 

ရှေ့တန်းကနေဝေးတဲ့ ယူကရိန်းမြို့တွေကို တိုက်ခိုက်ဖို့ ရုရှားဟာ စစ်ပွဲအစောပိုင်းကာလနဲ့ နှိုင်းယှဉ်ရင် သူ့နည်းဗျူဟာတွေကို ပြောင်းလဲခဲ့ပြီး အခု တိုက်ခိုက်မှုတစ်ခုအတွင်း ရာချီတဲ့ ဒရုန်းတွေ အစုလိုက်အပြုံလိုက် ပစ်လွှတ်ခဲ့တာပါ။ 

ယူကရိန်းက ရုရှပိုင်နက်အတွင်းထဲ ပိုနက်နက်ရှိုင်းရှိုင်းရောက်အောင် ရည်ရွယ်ပြီး ရေနံချက်စက်ရုံတွေ၊ လောင်စာဆီသိုလှောင်ရုံတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးအချက်အချာ နေရာတွေကို ထိမှန်ဖို့ ရည်ရွယ်ပြီး ကိုယ်ပိုင်ဒရုန်းတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013