
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း၊ ဇာပိုရစ်ချ်ဇီယာမြို့မှာ စက်တင်ဘာ ၁၆ ရက်က ရုရှားတပ်ဖွဲ့တွေရဲ့ အကြီးစား တိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတယောက် သေဆုံးပြီး နောက်ထပ် ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မီးလောင်မှု အများအပြား ဖြစ်ပွားခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အီဗန် ဖက်ဒရော့ဗ်က ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ကလေး ၂ ယောက်လည်း ပါတယ်လို့ ဆိုပါတယ်။
ပဏာမ အစီရင်ခံစာတွေအရ ရုရှားတပ်ဖွဲ့တွေဟာ မျိုးစုံပစ်ဒုံးကျည် ပစ်လွှတ်မှုတွေနဲ့ တိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့တာကြောင့် တိုက်ခန်းအဆောက်အအုံ ၁၀ လုံးနဲ့ ကိုယ်ပိုင်အိမ် ၁၂ လုံး ပျက်စီးသွားကြောင်း ဖက်ဒရော့ဗ်က ပြောပါတယ်။ မော်တော်ယာဉ်တွေလည်း မီးလောင်သွားတယ်လို့ ဆိုပါတယ်။
မီးလောင်နေတဲ့ ကိုယ်ပိုင်လုံးချင်းအိမ်တွေနဲ့ တခြားအဆောက်အအုံတွေကို မီးသတ်သမားတွေက မီးငြှိမ်းသတ်နေတဲ့ ဓာတ်ပုံတွေကို အုပ်ချုပ်ရေးမှူးက အွန်လိုင်းမှာ တင်ထားပါတယ်။
Source: Reuters