
ပါလက်စတိုင်းကို နိုင်ငံအဖြစ် လက်ခံမယ့် ယူကေနိုင်ငံရဲ့ ကြေညာချက်ကို စက်တင်ဘာ ၂၁ ရက် နေ့လယ်မှာ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
ဂါဇာမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမလုပ်ဘူးဆိုရင် ဗြိတိန်နိုင်ငံက စက်တင်ဘာလထဲမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမဲ့ ကြေညာချက်ထုတ်မယ်လို့ ဇူလိုင်လတုန်းက စတာမာက ပြောဆိုခဲ့ဖူးပါတယ်။ ဒီလို ကြေညာတာက ဗြိတိန်မှာ အနိုင်ရတဲ့ အစိုးရတွေရဲ့ နိုင်ငံခြားရေးပေါ်လစီ ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။
အရင်တုန်းက ဗြိတိန်အစိုးရတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ အထိရောက်ဆုံးအချိန်တွေရောက် မှသာအခုလိုမျိုး ကြေညာတာဖြစ်ပါတယ်။
ဒီကြေညာချက်ဟာ အစ္စရေးအစိုးရ၊ ဓားစာခံ မိသားစုဝင်တွေနဲ့ ကွန်ဆာဗေးတစ်ပါတီဝင်တချို့ရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ရမှာပါ။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဒီလို အသိအမှတ်ပြုတာတွေက အကြမ်းဖက်မှုကို ဆုချတာပဲလို့ ဝေဖန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဗြိတိန်က ဝန်ကြီးတွေက ကာလရှည်ငြိမ်းချမ်းရေး ရှင်သန်ဖို့ မျှော်လင့်ချက်နဲ့ ကိုယ်ကျင့်တရားအရ တာဝန်ရှိတယ်ဆိုပြီး ပြန်လည် ချေပထားပါတယ်။
ဝန်ကြီးတွေကတော့ ဝက်ဘန့်ကို အစ္စရေး သိမ်းပိုက်ထားတာကို ထောက်ပြခဲ့ကြပြီး ဒီလို သိမ်းပိုက်တာက နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုတဲ့ကိစ္စဟာ အရေးပါတဲ့ ကိစ္စလို့လည်း ဆိုပါတယ်။
ဂါဇာမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မြေပြင်အခြေအနေ ဆိုးရွားမှုတွေ ပိုများလာပြီး အငတ်ဘေးနဲ့ အကြမ်းဖက်မှုတွေ ပိုများလာပါတယ်။ ဒါကို စတာမာက သည်းခံနိုင်စရာ အဖြစ်အပျက် မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ဟားမတ်က လူ ၁၂၀၀ ကို သတ်ခဲ့ပြီး ၂၅၁ ယောက်ကို ပြန်ပေးဆွဲခဲ့အပြီးမှာ အစ္စရေးတို့ဟာ ၂၀၂၃ အောက်တိုဘာလ ၇ ရက်နေ့မှာ ဂါဇာကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး ဂါဇာ စစ်ပွဲကြောင့် လူ ၆၄၉၆၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Source: Reuters