Home
နိုင်ငံတကာ
ပြင်သစ်သမ္မတကတော် အမျိုးသမီးအစစ်ဖြစ်ကြောင်း သိပ္ပံနည်းကျသက်သေတင်ပြမည်
DVB
·
September 19, 2025
Photo :Reuters

LGBT ယောက်ျားတယောက်ဖြစ်တယ်လို့စွပ်စွဲခံနေရတဲ့ ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခွန်းဟာ အမျိုးသမီးစစ်စစ်ဖြစ်ကြောင်း ဓာတ်ပုံသက်သေနဲ့ သိပ္ပံနည်းကျ သက်သေတွေကို အမေရိကန်တရားရုံးတရုံးကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ဘရစ်ဂျစ်ဟာ မွေးတုန်းက ယောက်ျားလေးဖြစ်တယ်လို့ ဩဇာရှိ အမေရိကန် လက်ယာစွန်း လှုပ်ရှားသူ ကန်ဒန့်စ် အိုဝင်စ်က စွပ်စွဲ ပြောဆို လှုံ့ဆော်ခဲ့ပါတယ်။

အဲဒါကြောင့် ပြင်သစ်သမ္မတနဲ့ သမ္မတကတော်က အိုဝင်စ်ကို အသရေဖျက်မှုနဲ့ တရားစွဲဆိုရာမှာ သက်သေအထောက်အထားအဖြစ် တင်ပြသွားမယ်လို့ သမ္မတမိသားစုရှေ့နေဖြစ်သူက ပြောပါတယ်။

ဓာတ်ပုံသက်သေဆိုရာမှာ ဘရစ်ဂျစ် ကိုယ်ဝန်ဆောင်ခဲ့တုန်းက ဓာတ်ပုံတွေ၊ ကလေးတွေ မွေးဖွားပျိုးထောင်ခဲ့တဲ့ ပုံတွေပါ တင်ပြမှာလားဆိုတဲ့ မေးခွန်းကိုတော့ အဲဒီပုံတွေရှိတဲ့အတွက် စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်ပြမှာဖြစ်တယ်လို့ ရှေ့နေဖြစ်သူက ဖြေကြားထားပါတယ်။

ဒီလိုပြောဆိုမှုတွေဟာ ၂၀၂၁ ခုနှစ်က ပြင်သစ်ဘလော့ဂါ ၂ ယောက်ရဲ့ YouTube ကနေ စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက မက်ခွန်းစုံတွဲက သူတို့ကို ပြင်သစ်မှာ တရားစွဲဆိုခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ အယူခံတရားရုံးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် အခြေခံပြီး အမှုကို ပယ်ချခဲ့ပါတယ်။ ဒါကြောင့် အခုတခါမှာတော့ ဒီကောလာဟလကို ထပ်မံလှုံ့ဆော်နေတဲ့ အိုဝင်စ်ကို အမေရိကန်မှာ တရားစွဲဆိုတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ Follower သန်းချီရှိတဲ့ အိုဝင်စ်ဟာ ဘရစ်ဂျစ်မက်ခွန်းဟာ ယောက်ျားဖြစ်တယ် ဆိုတဲ့ သူ့အမြင်ကို ထပ်တလဲလဲ လှုံ့ဆော်ခဲ့ပါတယ်။

အမေရိကန်မှာ နာမည်ကျော်ပုဂ္ဂိုလ်တွေကို အသရေဖျက်မှုတွေမှာ၊ တရားခံဟာ အချက်အလက်မှားကို သိလျက်နဲ့ ဖြန့်ဖြူးတယ်၊ ဒါမှမဟုတ် အမှန်တရားကို အဆင်ခြင်မဲ့ မျက်ကွယ်ပြုပြီးတော့ ဆောင်ရွက်တယ်ဆိုတဲ့ “အမှန်တကယ် ကျူးလွန်လိုသည့် ကြိုတင်ကြံရွယ်မှု” (actual malice) ရှိကြောင်း တရားလိုဘက်က သက်သေပြဖို့ လိုအပ်ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013