
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁၈ ရက်က မောင်းသူမဲ့ဒရုန်းတွေ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး ဉာဏ်ရည်တု (AI) ကနေတဆင့် ဒရုန်းတွေရဲ့ စွမ်းရည်တွေကို မြှင့်တင်ဖို့ အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ KRT က စက်တင်ဘာ ၁၉ ရက်မှာ ထတ်ပြန်ပါတယ်။
ကင်မ်ဂျုံအန်းဟာ မတ်လတုန်းက AI နည်းပညာနဲ့ အသေခံဒရုန်းတွေ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်မှာ ကင်မ်ဂျုံအန်းက မြောက်ကိုရီးယားရဲ့ ဂွမ်ဆုန်း နည်းဗျူဟာမြောက် မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ်နဲ့ မောင်းသူမဲ့ ဗျူဟာမြောက် ကင်းထောက်လေယာဉ်တွေရဲ့ စမ်းသပ်မှုရလဒ်ကို ကျေနပ်မှုရှိခဲ့ကြောင်းနဲ့ မောင်းသူမဲ့ ဝေဟင်ယာဉ်တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းစေမယ့် အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း KRT ရုပ်မြင်သံကြားမှာ ဖတ်ကြားသွားပါတယ်။
Source: Reuters