
တော်လှန်ရေးကာလအတွင်း ကရင်နီ (ကယား) ပြည်နယ်မှာ အကြောင်းအမျိုးမျိုးနဲ့ ကျဆုံးသွားခဲ့ရတဲ့ CDM နိုင်ငံဝန်ထမ်းတွေရဲ့ ကျန်ခဲ့တဲ့ မိသားစုတွေကို ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီက ငွေကြေးထောက်ပံ့မှုအစီအစဥ် စတင်ပေးအပ်နေပါတယ်။
လက်ရှိ CDM နိုင်ငံ့ဝန်ထမ်းမိသားစု ၅ စုထံ ထောက်ပံ့မှုပေးအပ်ခဲ့ပြီလို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်း CDM ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထောက်ပံ့မှုရခဲ့တဲ့ CDM တွေကတော့ ပညာရေးဌာနက ၂ ယောက်၊ ကျန်းမာရေးဌာနက တယောက်၊ စီမံကိန်းရေးဆွဲရေးဌာနက တယောက်နဲ့ စည်ပင်ဌာနက တယောက် စုစုပေါင်း ၅ ယောက်ဖြစ်ပါတယ်။
ကော်မတီအနေနဲ့ ဆက်လက်စိစစ်အတည်ပြုဆဲ လျှောက်ထားမှုတွေလည်း ရှိနေသေးတယ်လို့ ထုတ်ပြန်ထားပြီး ရည်မှန်းချက်အတိုင်း CDM တွေက ဆက်လက်ကြိုးစားပံ့ပိုးသွားမယ်လို့ ကတိပြုထား ပါတယ်။




