Home
အနုပညာ
DJ Violet တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့သည့် ဆရာတော် ၅ ပါး ခံဝန်ကတိထိုးရ
DVB
·
September 18, 2025

‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' သီးချင်းကို DJ နဲ့ Remix လုပ် တီးခတ်ခဲ့တဲ  DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌအပါအဝင် ဆရာတော် ၅ ပါး ခံဝန်ကတိ လက်မှတ်ထိုးရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) က စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓ ဘာသာစော်ကားသူများ သံဃာအကာအကွယ်ယူပြီး ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မြို့ခံတယောက်က “မြို့နယ်က ဆရာတော်တွေက ပြဿနာ အဲ့လောက်ကြီးမယ်မသိလို့ တောင်းပန်တာကို ခွင့်လွတ်ပေးလိုက်တာ။ ဒါပေမဲ့ ပေါက်ကိုယ်တော်က မကျေနပ်တော့ ဒကာမ DJ Voilet က ဖုန်းဆက်တောင်းပန်၊ အဲ့အသံဖိုင်ထပ်ပြန့်ပြီး ခံဝန်ထိုးရတာ။ ပေါက်ကိုယ်တော်က ရန်ကုန် နဲ့ မန္တလေးက သံဃာတွေကို ရန်တိုက်ပေးတာ” လို့ ပြောပါတယ်။

ဓမ္မတေးလို့ လူသိများတဲ့ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’  သီချင်းကို ဇူလိုင် ၃၁ ရက်ညက မန္တလေး မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၃၆ လမ်းနဲ့ ၃၆ x ၅၃ လမ်းထောင့်က Cover Club ဆိုင်မှာ DJ Violet က DJ Remix ပြုလုပ်တီးခတ်ခဲ့ပြီး ချစ်ခင်သူပရိသတ်တွေက Video ရိုက်ကူးပြီး လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ရာမှ ဝေဖန်မှုတွေ များခဲ့ပါတယ်။

ဒီလိုဝေဖန်မှုတွေ ထွက်လာပြီးနောက် စက်တင်ဘာ ၁၅ ရက်က DJ Voilet နဲ့ ယောက္ခမဖြစ်သူက သင်္ယန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ကို တောင်းပန်ခဲ့ရာ ခွင့်လွှတ်ခဲ့ပြီးနောက် ညဘက် စစ်ကောင်စီက DJ Voilet  နဲ့ ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ  မဟာအောင်မြေမြို့မရဲစခန်းက DJ Voilet (ခ) ခင်ထွေးထွေးမွန်၊ ကိုမင်းထိုက် DJ.Dice (ခ) ညဏ်လင်းထက်၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်၊ ဆိုင်မန်နေဂျာ ဇင်စုရတို့ကို (ပ) ၂၁၄/၂၀၂၅၊ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီချင်းကို စတီရီယိုခေတ်ဦး အဆိုတော် မဂျစ်ကသီဆိုခဲ့ပြီး  စိုးပိုင်နဲ့ ပိုးအိစံတို့ ပြန်လည်သီဆိုထားကာ နံနက်မင်္ဂလာသီချင်းအဖြစ် နာမည်ကြီးသလို အလှူရှင်ပြုနားသနဲ့ မင်္ဂလာဆောင်တွေမှာလည်း ဖွင့်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013