
အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ကိုဒိုရပ်စ်မြို့နယ်မှာ သေနတ်သမားတယောက်နဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက ရဲအရာရှိ ၃ ယောက် သေနတ်ထိမှန် သေဆုံးကာ တခြား ၂ ယောက် ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ အစောပိုင်း ရဲလုပ်ငန်းဆောင်တာတွေ ရှိတဲ့နေရာကို ပြန်အလာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပြည်နယ်ရဲမင်းကြီး ရဲမှူးကြီး ခရစ္စတိုဖာပဲရစ်စ်က ပြောပါတယ်။
သေနတ်သမားလည်း သေဆုံးသွားတယ်လို့ ရဲမှူးကြီး ပဲရစ်စ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
ရဲအရာရှိတွေဟာ ရှာဖွေဝရမ်းတခုထုတ်ဖို့ ကြိုးစားနေချိန်မှာပဲ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပြည်တွင်းသတင်းမီဒီယာတခုမှာ ဖော်ပြထားပါတယ်။
ယော့ခ်ကောင်တီမှာ ဗုဒ္ဓဟူးနေ့က အရေးပေါ်ယာဉ်တွေ ဖြတ်သွားချိန် လမ်းတွေတလျှောက် လူတွေစုဝေးခဲ့ကြပြီး အမေရိကန်အလံတွေ ကိုင်ဆောင်ကာ ကျဆုံးသွားတဲ့ အရာရှိတွေကို အလေးပြုခဲ့ကြပါတယ်။
ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ်ရှာပီရိုက“ဒီလိုအကြမ်းဖက်မှုမျိုးက အဆင်မပြေပါဘူး။ လူ့အဖွဲ့အစည်းတခုအနေနဲ့ ပိုကောင်းအောင်လုပ်ဖို့ လိုအပ်နေပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ဒါ့အပြင် ဖက်ဒရယ်အစိုးရ အနေနဲ့ အပြည့်အဝ ထောက်ပံ့မှုပေးဖို့ ရှေ့နေချုပ် ပမ်ဘွန်ဒီက တောင်းဆိုထားကြောင်းလည်း ရှာပီရိုက ပြောဆိုပါတယ်။
Source: Reuters