
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ စက်တင်ဘာ ၁၃ ရက်က စစ်တပ်ယာဉ်တန်းကို အစ္စလာမ္မစ်စစ်သွေးကြွတွေက ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်နယ်စပ်နားက ဝါဇီရစ္စတန်တောင်ပိုင်းပြည်နယ်ရဲ့ တောင်ထူထပ်တဲ့ ဘာဒါ ဧရိယာမှာ စစ်သားတွေဟာ ကားတွေနဲ့ သွားလာလှုပ်ရှားနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာပါ။
အပြင်းအထန် အပြန်အလှန် ပစ်ခတ်မှုအပြီး တိုက်ပွဲမှာ စစ်သား ၁၂ ယောက်နဲ့ စစ်သွေးကြွ ၁၃ ယောက် သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
လူ ၄ ယောက် ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံမှာ အခြေစိုက်တယ်လို့ ပါကစ္စတန်အစိုးရက ပြောတဲ့ ဂျီဟတ်ဝါဒီအဖွဲ့ဖြစ်တဲ့ ပါကစ္စတန်တာလီဘန်တို့က စစ်သားတွေဆီက လက်နက်တွေနဲ့ ဒရုန်းတွေကို သိမ်းယူခဲ့တယ်လို့ ပြောရင်း သူတို့လက်ချက် ဖြစ်ကြောင်း တာဝန်ခံခဲ့ပါတယ်။
Source: Reuters