Home
သတင်းဓာတ်ပုံ
ဗြိတိန်-အမေရိကန် အထူးဆက်ဆံရေးကို ထိန်းသိမ်းရန် ချားစ်ဘုရင်နှင့် ထရမ့်ပ် ကတိပြု (ဓာတ်ပုံ) 
DVB
·
September 18, 2025
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters
Photo :Reuters

အထူးစပါယ်ရှယ်ဆိုတာထက်ပိုတဲ့ ဗြိတိန်နဲ့ အမေရိကန် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိဖို့ ဗြိတိန်ဘုရင်ချားစ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ ကတိပြုခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော်ညစာစားပွဲမှာ ကမ္ဘာမှာ ကိုင်တွယ်ရအခက်အခဲဆုံး ပဋိပက္ခတွေအတွက် အဖြေရှာဖွေဖို့ ထရမ့်ပ်ရဲ့ ပုဂ္ဂိုလ်ရေးသန္နိဋ္ဌာန်ကို ဗြိတိန်ဘုရင် ချားစ်က ချီးကျူးခဲ့ပါတယ်။

တဖက်မှာလည်း “နိုင်လိုမင်းထက်ပြုမှု” အပေါ် ယူကရိန်းရဲ့ ဆန့်ကျင်တွန်းလှန်မှုကို အမေရိကန်က ပံ့ပိုးပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်ကလည်း အမေရိကန်နဲ့ ဗြိတိန်အကြား အထူးဆက်ဆံရေးကို ချီးကျူးခဲ့ပြီး “Special” ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြဖို့တောင် မလုံလောက်ဘူးလို့ မှတ်ချက်ချခဲ့ပါတယ်။

ဝင်ဆာရဲတိုက်မှာ ဧည့်သည် ၁၆၀ အတွက် ညစာတည်ခင်းဧည့်ခံခဲ့ရာမှာ ပြောကြားတဲ့ ဘုရင့်မိန့်ခွန်းမှာ နှစ်နိုင်ငံကြား နက်ရှိုင်းတဲ့ ဆက်နွှယ်မှုကို ဦးစားပေး ပြောကြားခဲ့ပြီးတော့ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနဲ့ စစ်ရေး ချိတ်ဆက်မှုတွေကို ဆက်လက်ထိန်းသိမ်းဖို့ လိုတယ်လို့ ဦးစားပေး ပြောကြားခဲ့ပါတယ်။

“ကျုပ်တို့ပြည်သူတွေဟာ ကျုပ်တို့ အမြတ်တနိုးထားရှိတဲ့ တန်ဖိုးတွေအတွက် အတူတိုက်ပွဲဝင်၊ အတူသေဆုံးခဲ့ကြတာပါ” လို့ ဘုရင်က မှတ်ချက်ချပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ သမ္မတကတော် မယ်လာနီယာထရမ့်ပ်နဲ့ မိဘုရားကြီး ကမီလာ၊ ဝေလမင်းသမီး ကက်သရင်းတို့ရဲ့ အခမ်းအနားတရပ် စီစဉ်ထားပါတယ်။

တော်ဝင်မိသားစုရဲ့ ကြိုဆိုမှုတွေ အပြီးမှာတော့ နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့အတွက် ထရမ့်ပ်ဟာ ဗြိတိန်ဝန်ကြီးချုပ် ကျေးလက်စံအိမ်တော် (Chequers) မှာ ဝန်ကြီးချုပ် ကီယာစတာမာနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

Source: Reuters

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013