
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မေတ္တာရပ်ခံ ကြိုးပမ်းချက်ကြောင့် လစ်သူယေးနီးယား နိုင်ငံသား ၆ ယောက် အပါအဝင် ဘယ်လာရုစ်နိုင်ငံကနေ လူမျိုးပေါင်းစုံ အကျဉ်းသား ၅၂ ယောက် ပြန်လွတ်မြောက်လာခဲ့တဲ့အပေါ် ဝမ်းမြောက်မိကြောင်း လစ်သူယေးနီးယားသမ္မတ ဂစ်တာနာ့စ် နောက်ဆီးယာက ဗီးလ်နီးယပ်စ်မြို့တော်မှာ ပြောကြားခဲ့ပါတယ်။
ဘယ်လာရုစ် အကျဉ်းထောင်တွေကနေ လွတ်မြောက်လာသူတွေထဲမှာ အတိုက်အခံ ပုဂ္ဂိုလ်တွေ၊ သတင်းထောက်တွေ၊ ဆန္ဒပြသူတွေ၊ နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဓားစာခံအဖြစ် သတ်မှတ်ခံထားရတဲ့ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးလိုက်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အနီးကပ် မဟာမိတ်ဖြစ်တဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုကို အမေရိကန်သမ္မတက တောင်းဆိုခဲ့ပြီး ဘယ်လာရုစ်က နောက်ပိုင်းမှာ သူတို့ရဲ့လွတ်မြောက်မှုကို အတည်ပြုခဲ့ပါတယ်။
လူကာရှန်ကိုရဲ့ တုံ့ပြန်မှုအတွက် အပြန်အလှန်အားဖြင့် ဝါရှင်တန်ဟာ ဘယ်လာရုစ်နိုင်ငံရဲ့ အမျိုးသားလေကြောင်းလိုင်း ဘယ်လားဗီယာ အပေါ် ပိတ်ဆို့အရေးယူမှုကို သက်သာခွင့်ပေးမှာ ဖြစ်ပြီး ဘိုးအင်းလေယာဉ် အပါအဝင် သူ့ရဲ့ရေယာဉ်စုအတွက် အစိတ်အပိုင်းတွေကို ဝယ်ယူခွင့်နဲ့ ဝန်ဆောင်မှုတွေ ခွင့်ပြုပေးသွားမယ်လို့ ဗီးလ်နီးယပ်စ်ရှိ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
Source: Reuters