
ဟားမတ်စ်တွေဟာ ဓားစာခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ မြေပြင်ကနေ ပြောင်းရွှေ့သွားတဲ့ သတင်းတွေကို ဖတ်လိုက်ရကြောင်းနဲ့ အရင်က အပေးအယူအားလုံး အဆုံးသတ်သွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၂၅ ရက်မှာ ထရုသ်ဆိုရှယ်ပို့စ်မှာ သတိပေး ပြောထားပါတယ်။
“အဲဒီလိုလုပ်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို ဟားမတ်စ်ခေါင်းဆောင်တွေ သိမယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒါက လူနည်းစုကြုံဖူးတဲ့ ရက်စက်ကြမ်းကြုတ်မှုတခုပါ။ ဓားစာခံတွေ အားလုံးကို အခုပဲ လွှတ်ပေးလိုက်ပါ” လို့ သမ္မတ ထရမ့်ပ်က ရေးထားပါတယ်။
တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ အစ္စရေးမှာ နေတန်ယာဟုနဲ့ တွေ့ဆုံခဲ့ချိန် ဂါဇာမှာ စစ်ပွဲကို အဆုံးသတ်ဖို့ တခုတည်းသောနည်းလမ်းဟာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေအနေနဲ့ ဓားစာခံတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ လက်နက်ချဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့အပြီး ထရမ့်ပ်ရဲ့မှတ်ချက်တွေ ထွက်လာတာပါ။
ရူဘီအိုဟာ ဂါဇာပဋိပက္ခကို ဖြေရှင်းဖို့အတွက် ကာတာကို သွားရောက်မှာဖြစ်ပြီး ဂါဇာမှာ ထိန်းသိမ်းထားဆဲ ဓားစာခံ ၄၈ ယောက်ကို လွှတ်ပေးဖို့၊ ဟားမတ်စ်တွေကို လက်နက်ဖြုတ်သိမ်းဖို့နဲ့ ဂါဇာပြည်သူတွေအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source: Reuters