
ဘိုလီးဗီးယားနိုင်ငံ မြို့တော်လာပက်ဇ်ရှိ ဆန်ပေဒရို အကျဉ်းထောင်မှ အကျဉ်းသားတွေဟာ စက်တင်ဘာ ၁၆ ရက်က ခေါင်မိုးပေါ်တက် ဆန္ဒပြပြီး အစိုးရဆီမှ နေ့စဥ် စားနပ်ရိက္ခာ ထောက်ပံ့ကြေး နှောင့်နှေးကြန့်ကြာနေတာကို ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အကျဉ်းသားတွေဟာ အကျဉ်းထောင်ရဲ့ အဆောက်အအုံ ခေါင်မိုးပေါ်မှာ အိုးတွေ၊ အဖုံးတွေကို တုတ်တွေနဲ့ ရိုက်ခတ်ပြီးတော့ “နေ့တွက်စရိတ် မရတဲ့ ၆ လ။ ဆာလောင်မှုဝေဒနာ” လို့ ဆိုင်းဘုတ်မှာ စာရေးပြထားပါတယ်။
အကျဉ်းသားတွေဟာ နေ့စဥ် မနက်စာနဲ့ အများနဲ့ဝေမျှစားရတဲ့ နေ့လည်စာ အပါအဝင် အခြေခံ အစားအစာတွေအတွက် အစိုးရမှ ထောက်ပံ့ပေးတဲ့ ရန်ပုံငွေပေါ်မှာ မှီခိုနေရတာဖြစ်ပြီး အဲဒီ စရိတ်တွေကို မရရှိတာ ၆ လလောက် ကြာနေတာပါ။
အကျဉ်းထောင် ပတ်ပတ်လည်မှာ အဓိကရုဏ်း ထိန်းချုပ်ရေး အရာရှိတွေကို ရဲတပ်ဖွဲ့က ဖြန့်ကြက်ထားပြီး အကျဉ်းသားတွေဟာ ငွေပေးချေမှု နှောင့်နှေးမှုတွေအတွက် တာဝန်ရှိတဲ့ လာပက်ဇ် အုပ်ချုပ်ရေးမှူး ဆန်းတို့ဇ် ကီးစ်ပယ် နဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။
Source:Reuters


