
'Zapad 2025' စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှားနိုင်ငံထုတ် MiG-31 ဂျက်တိုက်လေယာဉ်တွေဟာ ဘားရန့်စ်ပင်လယ်ရဲ့ နိုင်ငံတကာ ရေပိုင်နက်ပေါ်ကနေ ၄ နာရီကြာ ပျံသန်းမှု ပြီးဆုံးခဲ့တယ်လို့ အင်တာဖက်စ် သတင်းဌာနက စက်တင်ဘာ ၁၃ ရက်မှာ ဖော်ပြပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ပိုလန်က သူ့လေပိုင်နက်အတွင်း သံသယဖြစ်စရာ ကျူးကျော် ပျံသန်းလာတဲ့ ရုရှားမောင်းသူမဲ့လေယာဉ်တွေကို ပစ်ချပြီးတဲ့နောက် ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘီလာရုစ်တို့က ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။
ရုရှားလို “ဓားမြှောင်”လို့ အဓိပ္ပာယ်ရတဲ့ ကင်ဂျယ်ဒုံးကျည်တွေဟာ နျူကလီးယား ဒါမှမဟုတ် သမားရိုးကျ ထိပ်ဖူးတွေကို သယ်ဆောင်ပြီး ဝေဟင်ကနေ ပစ်လွှတ်နိုင်တဲ့ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည် ဖြစ်ပါတယ်။ ရုရှားဟာ အရင်က ယူကရိန်းကို တိုက်ခိုက်ဖို့ ဒီလို လက်နက်တွေကို သုံးခဲ့ဖူးပါတယ်။
Source: Reuters