
ကိုလံဘီယာ အနောက်တောင်ပိုင်းရှိ ကောက်ကာပြည်နယ်မှာ ရွှေတူးမိုင်းတွင်း ပြိုကျသွားပြီးနောက် ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၇ ယောက်ကို ကယ်ထုတ်နိုင်ဖို့ စက်တင်ဘာ ၁၂ ရက်မှာ မြေကော်စက် ၁ စီးနဲ့ ရွှံ့မြေတွေကို တူးဖော်နေပါတယ်။
စက်တင်ဘာ ၁၁ ရက်က မြေပြိုမှုကြောင့် တရားမဝင်ရွှေတွင်း ပြိုကျခဲ့ပြီးနောက် မိုင်းတွင်းလုပ်သားတွေဟာ ခန့်မှန်းခြေ ၂၈ မီတာ အနက်ရှိတဲ့ မြေအောက်မှာ ပိတ်မိနေတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
ရွှေတွင်းပြိုကျတဲ့နေရာမှာ စုဝေးရောက်ရှိနေကြတဲ့ မိသားစုဝင်တွေဟာ အာဏာပိုင်တွေကို အကူအညီတွေ ထပ်မံတောင်းခံခဲ့ကြပါတယ်။
ပိတ်မိနေတဲ့ မိုင်းလုပ်သားတယောက်ရဲ့ မိခင်ဖြစ်သူ အယ်နာ လေ့ဒါ ဗိလာစ်ကို က ပိတ်မိနေတဲ့ ယောကျ်ားလေး ၇ ယောက်ကို ကယ်ဆယ်နိုင်ဖို့အတွက် စက်ပစ္စည်းကိရိယာတွေ ထပ်ပို့ပေးဖို့ လိုအပ်နေကြောင်း၊ အခု မြေကော်စက် တခုတည်းပဲရှိနေပြီး ကောင်လေးတွေကို အချိန်မီ ကယ်တင်နိုင်ဖို့ စက်တွေ အလုံအလောက် မရှိနေဘူးလို့ ဆိုပါတယ်။
ကောက်ကာပြည်နယ်လို အကျပ်အတည်းတွေများစွာ ကြုံတွေ့နေရတဲ့ မြူနီစပယ်တွေရှိ ဒေသခံတွေဟာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် တရားမဝင် သတ္တုတူးဖော်မှုအပေါ် မကြာခဏ မှီခိုနေရပြီး အန္တရာယ်တွေကိုလည်း ရင်ဆိုင်နေကြရကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထးပါတယ်။
Source:Reuters