Home
နိုင်ငံတကာ
ချာလီကာ့ခ်ကို လုပ်ကြံသတ်ခဲ့သူအဖြစ် သံသယရှိသူ ဖမ်းမိ
DVB
·
September 13, 2025
Photo :Reuters

လက်ယာစွန်း တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူလို့ သံသယရှိတဲ့ ယူတားပြည်နယ်နေ အသက် ၂၂ နှစ်အရွယ် တေလာရောဘင်ဆင်ကို ရဲတွေက ဖမ်းဆီးလိုက် ပါတယ်။

ချာလီကာ့ခ်ကို သတ်တဲ့ တရားခံကို ၃၃ နာရီကြာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက် ညမှာ ဖမ်းဆီးခဲ့တာပါ။

ရော်ဘင်ဆင်ဟာ သူ့အဖေဆီမှာ ဝန်ခံခဲ့ပြီးနောက် အဖမ်းခံဖို့ ဖြောင်းဖြခဲ့တာကြောင့် အခုလို အဖမ်းခံခဲ့တာပါ။

ချာလီကာ့ခ်အား လုပ်ကြံသူကို ဖမ်းမိကြောင်း သမ္မတဒေါ်နယ်ထရမ့်ပ်က ပထမဆုံးကြေညာခဲ့တာဖြစ်ပြီး သေဒဏ်ချမှတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားခံလို့ သံသယရှိသူဟာ အဖမ်းခံမယ့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ပြောဆိုခဲ့ပြီး သူ့အဖေက သင်းအုပ်ဆရာရဲ့ အကူအညီနဲ့ ဖျောင်းဖျခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံကို အဖမ်းခံဖို့ ဖျောင်းဖျခဲ့တဲ့ သင်းအုပ်ဆရာဟာ လုံခြုံရေးအရာရှိအဖြစ် ဆောင်ရွက်သူလည်း ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီမှာ တရားခံကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ယူတားပြည်နယ် အုပ်ချုပ်ရေးမှူးစပန်စာကော့က ရော်ဘင်ဆင်ဟာ ယူတားဗယ်လီတက္ကသိုလ်ကို သေနတ် မပစ်မီ ၄ နာရီ အလိုတည်းက ရောက်ခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။

ရော်ဘင်ဆင်ကို ဖမ်းမိတဲ့အချိန်မှာလည်း CCTV မှာ မြင်ရတဲ့ ဝတ်စုံနဲ့တူတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ရော်ဘင်ဆင်ဟာ မကြာသေးမီနှစ်တွေက နိုင်ငံရေးကို စိတ်ဝင်စားခဲ့သူလို့ မိသားစုဝင်တွေရဲ့ ပြောဆိုမှုအရ သိရတယ်လို့လည်း ဆိုပါတယ်။ ကာ့ခ်ယူတားပြည်နယ်ကို လာမယ်လို့သတင်းကြားချိန်က အမုန်းတရားတွေပြည့်နေတဲ့သူဖြစ်ပြီး အမုန်းတရားတွေ ဖြန့်ဝေသူတယောက်လို့ အိမ်သားတွေကို ရော်ဘင်ဆင်က ပြောဆိုခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013