ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကနေ ထိုင်းနိုင်ငံဘက်ကို တရားဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂၄ ယောက်ကို ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာတွေက စက်တင်ဘာ ၁၂ ရက် ည ၈ နာရီလောက်မှာ ဖမ်းဆီးလိုက် ပါတယ်။
အဆိုပါ မြန်မာလုပ်သား အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက် စုစုပေါင်း ၂၄ ယောက်တို့ဟာ မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကို စက်လှေနဲ့ ဖြတ်ကူးပြီး ဝင်ရောက်ချိန် သူးမွဲခီးရွာလမ်းမှာ ဖမ်းဆီးခံရတာလို့ နယ်မြေခံ သတင်းထောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေ အတိုင်းအရေးယူနိုင်ဖို့ ဖုတ်ဖမြို့မ ရဲစခန်းကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါးမှု၊ လုပ်အားခနည်းပါးမှု၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ မိသားစု စားဝတ်နေရေး၊ စီးပွားရေး အဆင်မပြေမှု တွေကြောင့် လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်နေကြတာဖြစ်ပြီး နေ့စဉ်လိုလို ဖမ်းဆီး ခံနေရတာလည်း ဖြစ်ပါတယ်။
Photo: DVB- ဖိုးစီ