
လူပေါင်း ၂,၂၀၀ ကျော် သေဆုံးပြီး သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ အာဖဂန်နစ္စတန် အရှေ့ပိုင်း မြေငလျင်လှုပ်ခတ်ပြီး တပတ်နီးပါးလောက် ရှိလာချိန်မှာ ငလျင်ဘေးသင့်ဒေသက ရွာသားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အလုပ်တွေလည်း ရပ်ဆိုင်းခဲ့ရပါတယ်။
ဘန်ဘာကွတ်လို ကျေးရွာတွေမှာ အသက်ရှင်ကျန်ရစ်သူတွေဟာ ရွက်ဖျင်တဲတွေနဲ့ နေထိုင်ကြပြီး ပျက်စီးနေတဲ့ အိမ်တွေဆီ ပြန်ဖို့ စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။
အမျိုးသမီး အယောက် ၂၅၀ ဝန်းကျင် အလုပ်လုပ်နေတဲ့ ကော်ဇောရက်တဲ့ အလုပ်ရုံပိုင်ရှင် အသက် ၄၃ နှစ်အရွယ် ဂျဘာခန်းက ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကို ကြောက်လန့်မှုက ဒေသတွင်း မိသားစုတွေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် သိသိသာသာ သက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
မိသားစုတွေဟာ ရွက်ဖျင်တဲတွေနဲ့ အကန့်အသတ်ရှိတဲ့ အကူအညီတွေအပေါ် မှီခိုနေရပြီး ယာယီခိုလှုံရေးစခန်းတွေနဲ့ ဟင်းလင်းပြင်နေရာတွေဆီ ပြေးခဲ့ကြပါတယ်။
အမေရိကန်က ထောက်ပံ့ထားတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ သိုလှောင်ရုံထဲမှာ ရှိနေဆဲဖြစ်ပြီး အမေရိကန် အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်။
တချိန်က အာဖဂန်နစ္စတန်ရဲ့ အကြီးဆုံး အလှူရှင်ဖြစ်တဲ့ အမေရိကန်ဟာ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ပိုင်ခွင့် မရှိသေးဘဲ နက်ရှိုင်းတဲ့ နိုင်ငံခြားအကူအညီ ဖြတ်တောက်မှုနဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီကို ပိတ်ပစ်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို မီးမောင်းထိုးပြထားပါတယ်။
နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်နေလို့ မိသားစုတွေဟာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ အစားအစာ၊ အမိုးအကာနဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
Source: Reuters