Home
နိုင်ငံတကာ
အသက် ၃၀ အောက် တောင်ကိုရီးယားနိုင်ငံသားများ အလုပ်ရရန် ခက်ခဲနေ
DVB
·
September 7, 2025
Photo: REUTERS/Kim Hong-Ji

အသက် ၃၀ အောက် တောင်ကိုရီးယားလူငယ်တွေဟာ အလုပ်အကိုင်ဈေးကွက်မှာ စိန်ခေါ်မှုအများကြီးနဲ့ ရင်ဆိုင်နေရပြီး အလုပ်အကိုင်ရရှိနှုန်းက ၁၅ လဆက်တိုက် ကျဆင်းနေပါတယ်။ 

အသက် ၃၀ အောက် တောင်ကိုရီးယားနိုင်ငံသားတွေအတွက် အလုပ်အကိုင်ရရှိနှုန်းဟာ ဇူလိုင်လမှာ ၄၅ ဒသမ ၈ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ နိုင်ငံရဲ့ စာရင်းအင်းအာဏာပိုင်တွေက ပြောပါတယ်။ 

ကုန်ထုတ်လုပ်မှု၊ ဧည့်ဝတ်ပြုခြင်းနဲ့ တခြားကဏ္ဍတွေမှာ အလုပ်သမားလိုအပ်ချက်ကျဆင်းလို့ အလုပ်ရရှိနှုန်း ၁၅ လဆက်တိုက် ကျဆင်းသွားတာလို့ ဆိုပါတယ်။ 

နိုင်ငံတွင်း ကုမ္ပဏီအများအပြားဟာလည်း နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနဲ့ လက်တွေ့ အတွေ့အကြုံ နှစ်မျိုးလုံး ရှိသူတွေကို ငှားချင်ကြပြီး ဘွဲ့ကြိုဘွဲ့ရများစွာကို အသက်မွေးဝမ်းကျောင်း ကောလိပ်တွေမှာ ဆက်လေ့လာသင်ကြားဖို့ တိုက်တွန်းနေကြပါတယ်။ 

မကြာသေးမီနှစ်တွေအတွင်း ဉာဏ်ရည်တုနည်းပညာက အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာလို့ အထူးသဖြင့် သက်ဆိုင်ရာနယ်ပယ်တွေနဲ့ ပညာရပ်ဆိုင်ရာပရိုဂရမ်တွေမှာ သိသာထင်ရှားတဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ 

ပဏာမစာရင်းဇယားတွေအရ နိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်း ကောလိပ်ပေါင်း ၂၀ နီးပါက အလားတူအစီအစဉ်တွေကို စတင်ဆောင်ရွက်နေကြပါပြီ။ 

သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဇီဝနည်းပညာနဲ့ အစားအစာထုတ်လုပ်ရေးဆိုင်ရာ အထူးပြုအရည်အချင်းရှိသူ လိုအပ်ချက်က အမြန်တိုးမြင့်လာပြီး သက်ဆိုင်ရာသင်တန်းတွေကို မိတ်ဆက်ပေးတဲ့ အသက်မွေးဝမ်းကျောင်း ကောလိပ်တွေ ပိုများလာစေခဲ့ပါတယ်။ 

ကောလိပ်အတော်များများမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ တပိုင်းလျှပ်ကူးပစ္စည်းနဲ့ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ပရိုဂရမ်တွေကို ထပ်လောင်းလေ့လာဖို့ ဘွဲ့ကြိုကျောင်းသားတွေကို ဆွဲဆောင်ထားပါတယ်။ 

တက္ကသိုလ်ကောလိပ်ပညာရေးဆိုင်ရာ တောင်ကိုရီးယားကောင်စီရဲ့ အချက်အလက်တွေအရ မနှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၂၅ နှစ်အထက် ကျောင်းသား ၈၈,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် ၂ ဆတိုးလာခဲ့ပါတယ်။ 

တက္ကသိုလ်ဘွဲ့ရပြီးမှ အသက်မွေးဝမ်းကျောင်းကောလိပ်တွေကို ပြန်တက်သူဦးရေဟာလည်း တနှစ်ထက်တနှစ်တိုးလာနေပြီး သက်မွေးဝမ်းကျောင်း ကောလိပ်တချို့ရဲ့ ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားသစ်တဝက်ဟာ တခြားသက်မွေးဝမ်းကျောင်း ကောလိပ်တွေကနေ ပြန်လာသူတွေနဲ့ ဘွဲ့ကြိုအစီအစဉ်တွေကနေ ဘွဲ့ရပြီးသူတွေ ဖြစ်နေပါတယ်. 

“အလုပ်ခွင်မှာ ကျွမ်းကျင်တဲ့အတွေ့အကြုံတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုလို့ ကျောင်းသားတော်တော်များများက အသက်မွေးဝမ်းကျောင်း ကောလိပ်တွေကို ပြန်တက်ဖို့ ရွေးချယ်ကြတာပါ” လို့ ဆိုးလ်တက္ကသိုလ် ပါမောက္ခ ကင်မ်မင်ချူးက ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013