
အမေရိကန် မရိန်းတပ်သားတွေနဲ့ ရေတပ်သားတွေဟာ ပွာတိုရီကိုနိုင်ငံ တောင်ပိုင်းမှာ ကုန်း ရေ နှစ်သွယ် လေ့ကျင့်ရေးနဲ့ ပျံသန်းရေးဆိုင်ရာ စစ်ဆင်ရေးတွေကို လေ့ကျင့်နေပါတယ်။
ပွာတိုရီကိုနိုင်ငံ၊ အာရိုယိုမြို့မှာရှိတဲ့ ကမ်းခြေတခုမှာ တပ်ဖွဲ့ဝင်တွေနဲ့ ရေတပ်သင်္ဘောတွေဟာ စက်တင်ဘာ ၅ ရက် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ခဲ့တာပါ။
သီတင်းပတ်ကုန်ပိုင်းမှာ ဆက်လုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေအတွက် အမေရိကန် ရေတပ်သင်္ဘောတွေ ပွာတိုရီကိုနိုင်ငံဆီ ရောက်နေပါတယ်။
သင်္ဘောတွေဟာ သောကြာနေ့မှာ အာရိုယိုမြို့က အယ်လ်ဖှာရိုကမ်းခြေမှာ ဆိုက်ကပ်ခဲ့ပြီး ကုန်း ရေ နှစ်သွယ်သုံး ယာဉ်တွေနဲ့ သံချပ်ကာ မရိန်းတပ်ဖွဲ့သုံးပစ္စည်းတွေကို တင်ဆောင်လာခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို ပံ့ပိုးကူညီဖို့ ရဟတ်ယာဉ်အများအပြားလည်း အဲဒီဒေသကို ရောက်နေပါတယ်။
ပွာတိုရီကိုနိုင်ငံတောင်ပိုင်းမှာ သြဂုတ် ၃၁ ရက်ကတည်းက စစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့ စစ်ဘက်အရာရှိတွေက အတည်ပြုခဲ့ပါတယ်။
ဒီလေ့ကျင့်မှုဟာ မရိန်းတပ်သားတွေ အဆင်သင့်ဖြစ်မှုနဲ့ စစ်ဆင်ရေးစွမ်းရည်တွေ အားကောင်းလာအောင် ဒီဇိုင်းထုတ်ထားတယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ မရိန်းတပ်သားတွေဟာ ကမ်းခြေကိုဆင်းတာနဲ့ ထောက်ပံ့ရေးဆိုင်ရာ စစ်ဆင်ရေးတွေ လုပ်ဆောင်ပေးခြင်းအားဖြင့် ကုန်းရေနှစ်သွယ်နဲ့ ဝေဟင်တို့ကနေ စစ်ဘက်အသုံးအဆောင်တွေကို ပေါင်းစပ်ဖြန့်ကြက် စစ်ဆင်ရေးလေ့ကျင့်ခဲ့ပါတယ်။
ကမ်းရိုးတန်းတလျှောက် စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတယ်လို့ အာရိုယိုမြို့နဲ့ အနီးပတ်ဝန်းကျင်က ဒေသခံတွေက အစီရင်ခံထားပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး စစ်ဆင်ရေးအမျိုးမျိုးအတွက် တပ်ဖွဲ့ဝင်တွေကို ပြင်ဆင်ဖို့ရည်ရွယ်တဲ့ လေ့ကျင့်မှုတွေရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Source: Reuters