Home
နိုင်ငံတကာ
နေတိုး လေထီးတပ်များ ဘယ်လာရုစ်နယ်စပ်အနီး ဆင်းသက် စစ်ရေးလေ့ကျင့်
DVB
·
May 18, 2025
Photo: Reuters

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ လေထီးတပ်သားတွေဟာ လတ်ဗီးယားနိုင်ငံအတွင်း ဘယ်လာရုစ်နယ်စပ်နားမှာ မေ ၁၆ ရက်က လေထီးစစ်ဆင်ရေးကို လေ့ကျင့်ခဲ့ပါတယ်။

အမြန်တုံ့ပြန်ရေး ၂၀၂၅ လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တစ်ပိုင်းအဖြစ် လေ့ကျင့်တာဖြစ်ပြီး နေတိုး မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းကို ကာကွယ်ရေး အဆင်သင့်ရှိကြောင်းပြဖို့ ရည်ရွယ်ထားပါတယ်။ 

စစ်ရေးလေ့ကျင့်ရာမှာ စပိန်စစ်တပ်ရဲ့ Airbus A400M လေယာဉ်က ကုန်စည်တွေနဲ့ လေထီးတပ်သားတွေကို ဘယ်လာရုစ်နိုင်ငံနဲ့ နယ်နိမိတ်နားက လတ်ဗီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဒေါင်ဂေါ့ဗ်ပီရော့စ် မြို့မှာ ချပေးတာကိုလည်း ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

လက်ဗီးယားအမျိုးသားအစောင့်တပ်မဟာ ၃ က တပ်မဟာမှူး ဂုနားစ် ဗီဇူလစ်က ဒီလေ့ကျင့်ခန်းဟာ သူတို့နိုင်ငံကို ကာကွယ်ဖို့အသင့်ရှိတယ်ဆိုတဲ့ နေတိုးရဲ့ သတင်းစကားနဲ့ အာမခံချက်ဖြစ်တယ်လို့ ပြောပါတယ်။ 

“ဒီမြေကို လက်ဗီးယားစစ်သားတွေသာမက အဝေးမှာရှိနေတဲ့ နေတိုးတပ်သားတွေကပါ ကာကွယ်သွားမှာပါ” လို့ သူက ဆက်ပြောပါတယ်။

အမြန်တုံ့ပြန်ရေး ၂၀၂၅ လို့ နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း နေတိုးရဲ့ ပိုကြီးတဲ့ DEFENDER 25 ရဲ့ တစိတ်တပိုင်းဖြစ်ပြီး လေကြောင်းစစ်ဆင်ရေးတွေ၊ အမြန် ထိုးဖောက်ဝင်ရောက်မှုနဲ့ နယ်ပယ်ပေါင်းစုံစွမ်းရည်တွေကို ဒီစစ်ဆင်ရေးက အာရုံစိုက်ထားပါတယ်။ 

နော်ဝေး၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံ တို့အပါအဝင် နိုင်ငံအများအပြားမှာ မေ ၁၁ ရက်ကနေ ၃၁ ရက်အထိ လေ့ကျင့်မှာဖြစ်ပြီး ဒီလေ့ကျင့်ခန်းထဲမှာ  အမြန်စိမ့်ဝင်ထိုးဖောက်နိုင်ပြီး ရွေ့လျားနိုင်မှု မြင့်မားတဲ့ ဒုံးအမြောက်စနစ်တို့ကို လေ့ကျင့်မှု ၅ ခု ပါဝင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013