Home
နိုင်ငံတကာ
NATO စစ်ရေးလေ့ကျင့်မှုအတွင်း ဟန်ဂေရီက စစ်ဘက်ဆိုင်ရာပစ္စည်းများ ပြသ
DVB
·
June 17, 2025
Photo: Reuters

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ တပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို တန်ပြန်ဖို့ ဇွန် ၁၆ ရက်က ဟန်ဂေရီနိုင်ငံမှာ တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ လေယာဉ်တွေကို ပြသခဲ့ပါတယ်။

မြင်းစီးသူရဲကောင်းရဲ့ ဓားရှည်ကို ကိုင်ထားတဲ့ ကာကွယ်သူလို့ အဓိပ္ပာယ်ရတဲ့ ‘Saber Guardian 25 (SG25)’ စစ်ရေးလေ့ကျင့်မှုအတွက် ဟန်ဂေရီမြို့တော် ဘူဒါပတ်စ်မြို့နားမှာ အမေရိကန်၊ ဟန်ဂေရီနဲ့ စပိန်တပ်ဖွဲ့ဝင် အယောက် ၃,၀၀၀ ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အမေရိကန်စစ်တပ် V Corps က တပ်ဖွဲ့ဝင်တွေဟာ ဂျာမနီနိုင်ငံက NATO အခြေစိုက်စခန်းတွေကနေ ဟန်ဂေရီနိုင်ငံက လေ့ကျင့်ရေးကွင်းဆီ လာခဲ့ကြပြီး NATO နယ်နိမိတ်ရဲ့ အရှေ့ဘက်ခြမ်းကို တိုက်ခိုက်ခံရတဲ့အခါ သူတို့ပါဝင်ရမယ့် အနေအထားနဲ့ လမ်းကြောင်းအတိုင်း လာရောက် လေ့ကျင့်ခဲ့ကြတာပါ။

လေ့ကျင့်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ချားလ်စ် ကော့စတန်ဇာက “ကျနော်တို့ရဲ့ သူငယ်ချင်း ရုရှားနိုင်ငံသားတွေဆီက စိန်ခေါ်မှုတွေ မရှိဘူး ဆိုတာကို သေချာအောင် လုပ်ထားပါတယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဥရောပ မဟာမိတ်အဖွဲ့ဝင်တွေကို တိုက်ကြီးရဲ့ ကာကွယ်ရေးမှာ ပိုကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တွန်းအားပေးနေပေမဲ့ ဥရောပမှာ အမေရိကန်တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍက အပြောင်းအလဲ မရှိဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013