Home
အနုပညာ
ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှုပြပွဲ ချင်းမိုင်တွင် ပြုလုပ် (ဓာတ်ပုံ) 
DVB
·
September 4, 2025
Photo: DVB/စောမင်းသိန်းPhoto: DVB/စောမင်းသိန်း
Rohigya-Chiangmai-1
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း
Photo: DVB/စောမင်းသိန်း

ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှုကို အများသိရှိစေဖို့ရည်ရွယ်တဲ့ Rohingya Cultural Night ဆိုတဲ့ ပြပွဲတရပ်ကို Rohingya Mayafunor Collaborative Network က ဦးဆောင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ ရိုဟင်ဂျာ အမျိုးသမီးတွေကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ ရိုဟင်ဂျာ ရိုးရာ အစားအစာတွေကို ညစာအဖြစ် ပွဲတက်ရောက်သူတွေကို တည်ခင်းဧည့်ခံခဲ့ပါတယ်။

ရိုဟင်ဂျာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်လည်းဖြစ် Rohingya Mayafunor Collaborative Network ရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာလည်းဖြစ်တဲ့ Yasmin Ullah က “လူအများက ကျမတို့ရဲ့ ရိုဟင်ဂျာ ရိုးရာယဉ်ကျေးမှု ဒါမှမဟုတ် ကျမတို့က ဘယ်သူတွေလဲဆိုတာကို လုံလုံလောက်လောက် နားမလည်ကြဘူး၊ မသိကြဘူးလို့ ယူဆတဲ့အတွက်ကြောင့် ဒီ ရိုးရာယဉ်ကျေးမှု ညစာစားပွဲကို ကျမတို့ ပြုလုပ်ခဲ့တာပါ။ ဒီလိုမျိုး လူအများက ကျမတို့က ဘယ်သူတွေလဲဆိုတာကို နားမလည် မသိရှိကြခြင်းကဘဲ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုကို ဖြစ်စေခဲ့တဲ့ အကြောင်းအရင်း တစိတ်တပိုင်းလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ရိုဟင်ဂျာတွေကို ဆန့်ကျင်တဲ့ အမုန်းစကားတွေကို အသုံးချပြီး အမုန်းတရား ပြန့်ပွားအောင် လှုံ့ဆော်နေတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ Resist Hate ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပြီး အမုန်းတရားတွေကို တွန်းလှန်ကြဖို့ဆိုတဲ့ ခေါင်းစဉ်ကိုလည်း စကားဝိုင်းဆွေးနွေးခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013