
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီးကို ဗဟိုပြုပြီး စက်တင်ဘာ ၄ ရက်မနက်က ပြင်းအား ရစ်ချ်တာ စကေး ၄ ဒသမ ၂ ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ကျောက်ဆည်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၇ မိုင်အနီးကို မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။
မန္တလေးမြို့ခံတယောက်က “၂ ခါတောင် လှုပ်သွားတာ။ ကြမ်းချက်က ရုံးပြင်တောင် ထွက်ပြေးရတယ်၊ ငလျင်ဆိုတာနဲ့ စိတ်ဒဏ်ရာတောင်ရနေပြီ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဒီကနေ့ စက်တင်ဘာ ၄ ရက်ဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၅ လကျော် ရက်ပေါင်း ၁၆၁ ရက်ရှိပြီ ဖြစ်ပါတယ်။