
ရန်ကုန်မြို့ရဲ့တောင်ဘက် ပင်လယ်ပြင်ထဲမှာ သြဂုတ် ၃၀ ရက်၊ ည ၁၁ နာရီ ၃၅ မိနစ်လောက်က အင်အာ ရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြေအောင်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်တာဖြစ်ပြီး မြေငလျင်တိုင်းတာစက်တွေက အသုံးပြုတဲ့ စကေးနဲ့ တိုင်းတာတဲ့နည်းလမ်းတို့အပေါ် မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာခြားနိုင်သလို ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီနေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသဌာနကလည်း ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၈၀ လောက်အကွာ ပင်လယ်ပြင်ထဲမှာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်လှုပ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနေရာဝန်းကျင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း အင်အား ရစ်ချ်တာစကေး ၅ ဝန်းကျင်ရှိတဲ့ ငလျင်တွေ မကြာခဏ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။