Home
အားကစား
အင်္ဂလန်နောက်ခံလူဟောင်း ဝမ်ဘစ်ဆာကာ ကွန်ဂိုလက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားမည်
DVB
·
September 4, 2025
Photo :Reuters

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း အာရွန်ဝမ်ဘစ်ဆာကာဟာ ကွန်ဂိုလက်ရွေးစင်အသင်းကို ကိုယ်စားပြု ကစားသွားမှာဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ညာနောက်ခံလူဟာ ခရစ္စတယ်ပဲလေ့မှာ အကောင်းဆုံးပုံစံရရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားခဲ့သူပါ။

သူ့ရဲ့ အကောင်းဆုံးအချိန်မှာ ဝေါ်ကာ၊ ထရစ်ပီယာနဲ့ အာနိုးလ်တို့လို ကစားသမားကောင်းတွေရှိတာ ကြောင့် အင်္ဂလန်အသင်းမှာ နေရာမရခဲ့သူပါ။

အင်္ဂလန် ယူ-၂၁ လူငယ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဝမ်ဘစ်ဆာကာဟာ လက်ရှိအချိန်မှာတော့ နိုင်ငံကိုယ်စားပြုအသင်းပြောင်းလဲတော့မှာဖြစ်ပြီး ကွန်ဂိုအသင်းမှာ ပါဝင်ကစားတော့မှာပါ။

ဝမ်ဘစ်ဆာကာဟာ လန်ဒန်မှာ မွေးဖွားခဲ့သူဖြစ်ပေမဲ့ ကွန်ဂိုမိဘတွေ ကနေ ဆင်းသက်လာသူဖြစ်လို့ ကွန်ဂိုအသင်းမှာ ပြောင်းလဲကစားခွင့်ရရှိခဲ့တာပါ။

ကွန်ဂို အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ်  တောင်ဆူဒန်၊ ဆီနီဂေါအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဝမ်ဘစ်ဆာကာက နိုင်ငံအသင်းသစ်နဲ့ ပွဲဦးထွက်ကစားဖို့ ရှိပါတယ်။

Photo: Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024