
ယီမင်နိုင်ငံက ဟူသီအုပ်စိုးတဲ့ အစိုးရရဲ့ ၀န်ကြီးချုပ်နဲ့ တခြားဝန်ကြီး အများအပြားဟာ မြို့တော်ဆာနာကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ဟူသီ ထိပ်သီးနိုင်ငံရေးကောင်စီရဲ့ အကြီးအကဲက သြဂုတ် ၃၁ ရက်မှာ ပြောပါတယ်။
ဒါဟာ ယီမင်ရဲ့ အကြီးတန်းအရာရှိတွေကို သတ်ဖြတ်ခဲ့တဲ့ ပထမဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုမှာ တခြားသူ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မာဒီ အယ်လ် မာရှက်က ပြောပေမဲ့ အသေးစိတ်တော့ မပြောခဲ့ပါဘူး။
ဒီ လေကြောင်းတိုက်ခိုက်မှုက အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီအဖွဲ့ရဲ့ စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ တခြားအကြီးတန်းအရာရှိတွေကို ပစ်မှတ်ထားပြီး ရလဒ်ကို စစ်ဆေးနေတယ်လို့ အစ္စရေးက သောကြာနေ့မှာ ပြောပါတယ်။
မာရှက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဟူသီကာကွယ်ရေးဝန်ကြီးက အသေအပျောက်စာရင်းထဲ ပါ၊ မပါကို ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။
အာမဒ် ဂါလက်ဘ် အယ်လ် ရာဝီကို လွန်ခဲ့တဲ့ တနှစ်လောက်က ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပေမဲ့ အစိုးရရဲ့ လက်တွေ့ကျကျ ခေါင်းဆောင်က သူ့လက်ထောက်ဖြစ်သူ မိုဟမ်မဒ် မစ်ဖ်တာပါ။ သူဟာ ဝန်ကြီးချုပ်တာဝန်တွေ ထမ်းဆောင်ဖို့ စနေနေ့က တာဝန်ပေးခံခဲ့ရပါတယ်။
Source: Reuters