
ဓားစာခံလဲလှယ်ရေးသဘောတူညီမှုတခုပြုလုပ်ပြီး သမိုင်းသစ်ရေးထိုးဖို့ အမေရိကန်သမ္မတ ထရမ့်ပ်ကို အစ္စရေး ဆန္ဒဖော်ထုတ်သူတွေက တိုက်တွန်းခဲ့ပါတယ်။
အစ္စရေး ဓားစာခံမိသားစုတွေဟာ တဲလ်အဗစ်မြို့ ဓားစာခံရင်ပြင်မှာ စုဝေးခဲ့ပြီး ဓားစာခံတွေအားလုံးကို ပြန်ခေါ်ဖို့ စုဝေးဆန္ဒဖော်ထုတ်ခဲ့တာပါ။
ဆန္ဒဖော်ထုတ်သူတွေဟာ ကြီးမားတဲ့ဆိုင်းဘုတ်ကြီးတွေ ဖော်ပြပြီး ဓားစာခံရင်ပြင်မှာ ဆန္ဒဖော်ထုတ်ခဲ့သလို ထရမ့်ပ်ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဓားစာခံတွေ အသက်ရှင်လျက် ပြန်မလွတ်မှာကို စိုးရိမ်နေသလို သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုလည်း ဘယ်တော့မှ ပြန်မရမှာကို စိတ်ပူနေတာ ဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဓားစာခံတွေပြန်ခေါ်ဖို့နဲ့ စစ်ပွဲအဆုံးသတ်ရေးထက် ထိုးစစ်ဆင်မှုကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဓားစာခံမိသားစုတွေက စွပ်စွဲထားပြီး စားပွဲဝိုင်း ညှိနှိုင်းမှုကနေ သဘောတူညီမှုရဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ဂါဇာမှာ ဓားစာခံ ၄၉ ယောက် ကျန်ရှိနေပြီး အဲဒီအထဲက အယောက် ၂၀ အသက်ရှင်မယ်လို့ ယုံကြည်ကြောင်း အစ္စရေးက ပြောဆိုထားပါတယ်။
ဩဂုတ် ၂၉ ရက်နေ့တုန်းက ဂါဇာကမ်းမြောင်မှာ ဓားစာခံ အီရန်ဝစ်ရဲ့ ရုပ်အလောင်းကို အစ္စရေး တို့ပြန်ရခဲ့တယ်လို့ နေတန်ယာဟုရဲ့ ရုံးက ထုတ်ပြန်ထားပါတယ်။
Source: Reuters