
အင်ဒိုနီးရှားနိုင်ငံမှာ ဆန္ဒပြသူတွေက ဒေသန္တရ လွှတ်တော်အဆောက်အအုံကို မီးရှို့ခဲ့လို့လူ ၃ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၃၀ မှာ ပြောပါတယ်။
ဒါဟာ သမ္မတ ပရာဘိုဝို ဆူဘီယံတို အစိုးရကို ပထမဆုံး အဓိကစမ်းသပ်မှုဖြ စ်လာခဲ့တာပါ။
တောင်ဆူလာဝေစီပြည်နယ် မြို့တော် မကာဆာမှာ သြဂုတ် ၂၉ ရက် ညနေပိုင်းက မီးလောင်မှုအတွင်း သေဆုံးရတဲ့အကြောင်းရင်းကို ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက မထုတ်ပြန်ခဲ့ပါဘူး။
သေဆုံးသူတွေဟာ မီးလောင်နေတဲ့ အဆောက်အအုံထဲမှာ ပိတ်မိနေတယ်လို့ အန်တာရာ သတင်းဌာနက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၅ ယောက်အနက် ၂ ယောက်ဟာ အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ အခုသီတင်းပတ်အတွင်း လွှတ်တော်အမတ်တွေရဲ့ လစာငွေအတွက် ဆန္ဒပြပွဲတွေ စခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ သံချပ်ကာယာဉ်က ဝင်တိုက်မိလို့ မော်တော်ဆိုင်ကယ်တက်စီ မောင်းနှင်သူတယောက် သေဆုံးပြီးတဲ့နောက် သောကြာနေ့မှာ ဆန္ဒပြပွဲက ပိုပြင်းထန်လာခဲ့ပါတယ်။
Source: Reuters