Home
နိုင်ငံတကာ
ရုရှားက ကိယက်ဗ်မြို့ကို အပြင်းထန်ဆုံးတိုက်ခိုက်၊ လူ ၂၃ ဦးသေဆုံး
DVB
·
August 29, 2025
Photo: REUTERS / SOCIAL MEDIA / SOCIAL MEDIA WEBSITE / VLADISLAV KALASHNIKOV / EUROPEAN UNION / EU DELEGATION IN UKRAINE

ဇူလိုင်လနောက်ပိုင်း ရုရှားရဲ့ ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မြို့အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုမှာ လူ ၂၃ ယောက်ထက်မနည်း သေဆုံးပြီး ဥရောပသမဂ္ဂ (EU) ရဲ့ ကိုယ်စားလှယ်ရုံးပါ ထိခိုက်သွားခဲ့ပါတယ်။

ဩဂုတ် ၂၈ ရက် မနက်အစောပိုင်းက စတင်တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ် ၄ ယောက် ပါဝင်ပြီး ဒဏ်ရာရသူ ဒါဇင်ချီရှိကာ ညပိုင်းအထိ ကယ်ဆယ်ရေးတွေ လုပ်နေရဆဲ ဖြစ်တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ၅ ထပ် လူနေအဆောက်အအုံ ပျက်စီးသွားခဲ့ပြီး EU mission ရုံးနဲ့ အနားက ဗြိတိသျှကောင်စီတို့ပါ ထိခိုက်ခဲ့ပြီး သေဆုံးသူအများစုဟာ ၅ ထပ်အဆောက်အအုံမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ကိုယ်စားလှယ်ရုံးရှိရာ မီတာ ၅၀ အကွာအဝေးအတွင်းကို စက္ကန့် ၂၀ အတွင်း ဒုံးကျည် ၂ စင်း ထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒရုန်း အစင်း ၆၀၀၊ ပဲ့ထိန်းဒုံးကျည် အစင်း ၃၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖျက်ဆီးနေတာလို့ စွပ်စွဲလိုက်ပါတယ်။

မော်စကိုဟာ ညှိနှိုင်းရေးစားပွဲဝိုင်းအစား ပဲ့ထိန်းဒုံးကျည်တွေကို ရွေးချယ်လိုက်ပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ဝေဖန်လိုက်ပြီးတော့ ရုရှားအပေါ် အရေး ယူပိတ်ဆို့မှု အသစ်တွေ လုပ်ဖို့ လိုအပ်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013