
စစ်တပ်ရဲ့ ကျောထောက်နောက်ခံ အခိုင်အမာရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ကမ္ဘောဒီးယားပြည်သူ့ပါတီနဲ့ နှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့အဖွဲ့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ဩဂုတ် ၂၇ ရက်က သွားရောက်ခဲ့ပြီး ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌလည်းဖြစ် လက်ရှိ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဟွန်မာနက်နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ပါတီနှစ်ခုကြား MOU လည်း လက်မှတ်ရေးထိုးဦးမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဦးခင်ရီ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘောဒီးယား ပြည်သူ့ပါတီဥက္ကဋ္ဌ ဖြစ်တဲ့ ဟွန်ဆန်နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။