Home
မြန်မာသတင်း
မြန်မာဘက်မှဝင်လာသည့်  တရားမဝင်ဆေးလိပ် ဘတ် ၆၃ သန်းဖိုး ထိုင်းအခွန်ဌာန ဖမ်းဆီး
DVB
·
August 26, 2025
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB
Photo: ဖိုးစီ/ DVB

မြန်မာနိုင်ငံ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို တရားမဝင်သယ်ဆောင်လာတဲ့  ထိုင်းဘတ်ငွေ ၆၃ သန်း တန်ဖိုးရှိ ဆေးလိပ်ပေါင်း  ၁၅,၄၁၃,၀၈၀ လိပ်ကို ထိုင်းအခွန်ဌာနက ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းအခွန်ဌာန၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်တွေ ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပြီး အဆိုပါဆေးလိပ်တွေဟာ မြဝတီမြို့ဘက်ကနေ သယ်ဆောင်လာတဲ့ တရားမဝင် ပစ္စည်းတွေ ဖြစ်တယ်၊ ဖမ်းဆီးရမိတဲ့အချိန်မှာ သယ်ဆောင်သူကိုတော့ ထိုင်းတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့  ဩဂုတ် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၆၃ သန်း တန်ဖိုးရှိတဲ့ တရားမဝင်ဆေးလိပ်တွေကိုတော့ မဲဆောက်မြို့ အခွန်ဦးစီးဌာနက သိမ်းဆည်းထားပြီး ထိုင်းနိုင်ငံတော်အဆင့် တင်ပြပြီးမှ မီးရှို့ ဖျက်ဆီးသွားမယ်လို့ လည်း ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ တရားမဝင်ဆေးလိပ်ကို မြန်မာနိုင်ငံသားတွေသုံးစွဲသလို နယ်ခံ ထိုင်းလူမျိုးတွေကတည်း သောင်ရင်းမြစ်အနီး ပျံကျဈေးမှာ ဝယ်ယူသုံးစွဲတာ၊  အသိမိတ်ဆွေတွေအတွက်  လက်ဆောင်အဖြင့် ဝယ်ယူကြတာတွေ ရှိပါတယ်။

Photo: ဖိုးစီ/ DVB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013