
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဂျူဗင်တပ်အသင်းက ဘရာဇီးကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ကို တရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၇ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ၂၀၂၄ ခုနှစ်ကမှ ဗီလာကနေ ဂျူဗင်တပ်ဆီပြောင်းရွှေ့သွားခဲ့တာပါ။
ဗီလာနဲ့ နောက်ဆုံးရာသီမှာ ၉ ဂိုးသွင်းခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ လူးဝစ်ဟာ အီတလီမှာ မျှော်မှန်းထား သလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တဲ့နောက်မှာ ပရီးမီးယားလိဂ်ဆီပြန်လာခဲ့တာပါ။
တရာသီအငှားစာချုပ် ဆိုပေမဲ့ ရာသီကုန်ချိန်မှာ အပြီးသတ်ပြောင်းရွှေ့ခွင့်လည်း ပါဝင်ပြီး နော်တင်ဟမ်ရဲ့ ရည်မှန်းချက်တွေကြောင့် ပရီးမီးယားလိဂ်ဆီပြန်လာခဲ့တာဖြစ်ကြောင်း လူးဝစ်က စာချုပ်ချုပ်ဆိုအပြီးမှာ ပြောပါတယ်။
နော်တင်ဟမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်စစ်ကစားသမား ၃ ယောက် ဖြစ်တဲ့ ကာလီမူအမ်ဒို၊ ဟတ်ချင်ဆန်နဲ့ မက္ကာသီတိုကို ပေါင်သန်း ၁၀၀ လောက်နဲ့ ခေါ်ယူထားတာ ဖြစ်ပါတယ်။
Photo: Reuters