ကမ္ဘာ့အကြီးဆုံး ရွက်လှေပွဲတော် အမ်စတာဒမ်တွင်ကျင်းပ
DVB
·
August 23, 2025

နယ်သာလန်နိုင်ငံ၊ မြို့တော် အမ်စတာဒမ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့အကြီးဆုံး ရွက်လှေပွဲတော်မှာ လှေသောင်းချီ ပါဝင်ဆင်နွှဲနေကြပါတယ်။
ဩဂုတ် ၂၀ ရက်ကနေ ၂၄ ရက်အထိ ၅ ရက်ကြာ ကျင်းပတဲ့ ပွဲတော်မှာ လှေ ၁၀,၀၀၀ ကျော်နဲ့ ဧည့်သည် ၂ ဒသမ ၃ သန်းလောက် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ရွက်လွှင့်ပွဲတော်ကို အမ်စတာဒမ်မြို့တည်ထောင်မှု အနှစ် ၇၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၇၅ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ခေတ်ဟောင်းရွက်လှေကြီးတွေ စီတန်းလှည့်လည်တာ၊ အခမဲ့ လှေခရီးစဉ်တွေနဲ့ ရေကြောင်းပွဲတော် အမျိုးမျိုးကျင်းပတာ ဖြစ်ပါတယ်။
Source: Reuters


