
ကရင်နီပြည်နယ် မော်ချီးဒေသကို ဩဂုတ် ၂၀ ရက် ဒီနေ့မနက်မှာ စစ်တပ်က Y-12 လေယာဥ်နဲ့ ထပ်မံဗုံးကြဲတာကြောင့် အရပ်သားတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၂ ကိုဗညားက DVB ကို အတည်ပြုပါတယ်။
“Y-12နဲ့ လာကြဲတာပါ။ လိုခါးလိုရွာကိုပဲ ကြဲတာ။ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး၊ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ထိခိုက်သွားပါတယ်။”
သြဂုတ် ၁၇ ရက်ကလည်း လိုခါးလိုကျေးရွာက ပြည်သူ့ဆေးရုံနဲ့ အရပ်သားတွေ နေထိုင်ရာ ၁၆ ကုန်းရပ်ကွက်ကို လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား ၃၂ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရကာ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေရဆဲဖြစ်ပါတယ်။
သြဂုတ် ၁၉ ရက်မှာလည်း လိုခါးလိုကျေးရွာကိုပဲ Y12 လေယာဥ်နဲ့ ဗုံး ၅ လုံး ကြဲခဲ့လို့ အမျိုးသား တယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
ကျေးရွာတရွာတည်းကိုပဲ သုံးကြိမ်ဆက်တိုက် ဗုံးလာကြဲတာဖြစ်တဲ့အတွက် သေဆုံးသူ ဦးရေ ထပ်တိုးလာဖို့ရှိနေပြီး လက်ရှိစာရင်းအရ သေဆုံးသူ အယောက် ၃၀ ကျော်နေပြီ ဖြစ်ပါတယ်။
မြတ်သူအောင်