Home
မြန်မာသတင်း
ဒေါ်လာဈေးတက်၊ ပြည်တွင်းရွှေဈေး တရက်တည်း ကျပ် ၁ သိန်းဝန်းကျင် ပြန်ကျ
DVB
·
August 19, 2025

ပြည်တွင်း ရွှေဈေးကွက်မှာ တရက်အတွင်း အခေါက်ရွှေတကျပ်သား ဈေးနှုန်းက ကျပ်တသိန်း ဝန်းကျင် လျော့ကျသွားခဲ့ပါတယ်။

မနေ့က ဩဂုတ် ၁၈ ရက် ဈေးကွက်ပိတ်ချိန်မှာ အခေါက်ရွှေတကျပ်သား ဈေးနှုန်းက ကျပ် ၇,၇၁၀,၀၀၀ ရှိခဲ့ရာက ဒီနေ့တော့ ကျပ် ၇,၆၂၀,၀၀၀ အထိ လျော့ကျသွားတာကို တွေ့ရပါတယ်။ 

ကမ္ဘာ့ရွှေဈေးကတော့ မကြာသေးခင်က တအောင်စကို ၃,၃၂၆ ဒေါ်လာအထိ အကျဖြစ်ခဲ့ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ ၃,၃၄၃ ဒေါ်လာအထိ ပြန်မြင့်တက်လာတာ တွေ့ရပါတယ်။

ရွှေဈေးကွက် စောင့်ကြည့်သူတယောက်က “ကမ္ဘာ့ဈေးက မကျပေမဲ့ ပြည်တွင်းဈေးက တရက်တည်း ကျပ် ၁ သိန်းလောက် ကျလာတယ်။ ပြည်တွင်းဈေးက နိုင်ငံတကာ ဈေးကွက်အတိုင်း မသွားဘဲ တဖက်တည်း ကျနေတဲ့ သဘောပါ” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ပြည်တွင်း ဒေါ်လာငွေလဲနှုန်းအနေနဲ့ကတော့ တဒေါ်လာကို ၄,၄၀၀ ကနေ ၄,၄၂၅ ကျပ်အထိ အနည်းငယ် တက်ရိပ်ပြလာတာ တွေ့ရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်တဲ့ ရွှေတကျပ်သားဈေးကတော့ ၅,၈၉၀,၀၀၀ ကျပ်နဲ့ ဈေးဆက်ငြိမ်နေဝာာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013