
ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာပြည်တွင်း အခေါက်ရွှေဈေးကလည်း ရက်ပိုင်းအတွင်း တကျပ်သားကို ကျပ် ၄၀,၀၀၀ လောက် ထပ်မံကျဆင်းလာပါတယ်။
ဇူလိုင် ၂၉ ရက်မှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၃၃၂၇ ဝန်းကျင်မှာ ရှိခဲ့ပြီး ဇူလိုင် ၃၁ ရက် မနက်ပိုင်းမှာတော့ ဒေါ်လာ ၃၂၆၈ အထိ ဈေးကျဆင်းသွားခဲ့ပါတယ်။
ကမ္ဘာ့ဈေးကွက် အကျနဲ့အတူ မြန်မာပြည်တွင်း အခေါက်ရွှေဈေးကလည်း တကျပ်သားကို ကျပ် ၇,၈၀၀,၀၀၀ ကနေ ကျပ် ၇,၇၆၀,၀၀၀ အထိ ရက်ပိုင်းအတွင်း ကျဆင်းသွားတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးက အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း သတင်းထွက်ပေါ်ပြီးနောက် အကျဘက်ကို အားသာလာတာလို့ ရွှေဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ ညနေပိုင်းဝန်းကျင်မှာတော့ ကမ္ဘာ့ရွှေဈေးက ပြန်တက်လာပြီး အမေရိကန် ဒေါ်လာ ၃,၃၀၀ အထက်ကို အနည်းငယ် တက်ရိပ်ပြခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒေါ်လာ ၃,၄၃၀ အထက်အထိတက်ခဲ့ပြီး မြန်မာ့အခေါက်ရွှေဈေးလည်း အဲ့ဒီကာလအတွင်း ကျပ် ၇,၉၂၀,၀၀၀ ထိ မြင့်တက်ခဲ့တာပါ။