Home
မြန်မာသတင်း
တပတ်အတွင်း မြန်မာ့ရွှေဈေး ကျပ် ၁ သိန်းကျော် ပြန်ကျ
DVB
·
July 29, 2025

တပတ်အတွင်း မြန်မာပြည်တွင်း ရွှေဈေးဟာ တကျပ်သားကို ကျပ် တသိန်းကျော်အထိ ပြန်ကျဆင်းလာခဲ့ပါတယ်။

ဇူလိုင် ၂၃ ရက်က တကျပ်သားကို ကျပ် ၇,၉၂၀,၀၀၀ အထိ ရှိခဲ့တဲ့ ဈေးနှုန်းဟာ ဒီကနေ့  ဇူလိုင် ၂၉ ရက်မှာတော့ ၇,၈၀၀,၀၀၀ ဝန်းကျင်အထိ ပြန်ကျလာခဲ့တာပါ။

တဖက်မှာလည်း ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၃,၄၃၀ ဝန်းကျင်အထိ ရောက်ခဲ့ပြီးနောက် တပတ်အတွင်းမှာ ဒေါ်လာ ၁၂၀ ကျော်အထိ ပြန်ကျဆင်းခဲ့ပါတယ်။

ဒီကနေ့ (ဇူလိုင် ၂၉ ရက်) မနက်ပိုင်းမှာ အနိမ့်ဆုံး ၃,၃၀၀ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ တဖြည်းဖြည်း ပြန်တက်လာပြီး ၃,၃၂၈ ဒေါ်လာဝန်းကျင်အထိ  ပြန်လည်မြင့်တက်လာပါတယ်။

ရွှေဈေးကွက် စောင့်ကြည့်သူတယောက်က “ကမ္ဘာ့ဈေးကတော့ တဖြည်းဖြည်း ပြန်တက်လာနေပြီ၊ ဒါပေမဲ့ ပြည်တွင်းဈေးက ဆက်ကျနေသေးတာဆိုတော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ဖို့လိုမယ်” လို့ မှတ်ချက်ပြုပါတယ်။

ရွှေဈေးကွက် သုံးသပ်သူတချို့ကတော့ ပြည်တွင်းရွှေဈေးဟာ ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေး အကျကြောင့် ပြန်ကျဆင်းလာ‌တာလို့ ဆိုကြပါတယ်။

တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ သတ်မှတ်ဈေးအတိုင်း ရွှေမရောင်းချသူတွေကို ဖော်ထုတ်အရေးယူတာ၊  ရွှေဆိုင်တွေက ရောင်းချတဲ့ ရွှေထည်ပစ္စည်းတွေ  အရည်အသွေး ပြည့်မှီခြင်း ရှိမရှိ စစ်ဆေး ကြပ်မတ်တာအပြင် နည်းလမ်းမျိုးစုံနဲ့ ရွှေဈေးကွက်ကို စောင့်ကြည့် ထိန်းချုပ်နေတာတွေကြောင့်  ဈေးကွက်အပေါ် သက်ရောက်မှု ရှိနေတယ်လို့လည်း သုံးသပ်မှု‌တွေ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013