Home
မြန်မာသတင်း
တရက်အတွင်း ရွှေဈေး ကျပ် ၁၀၀,၀၀၀ ကျော်အထိ ပြန်ကျဆင်း
DVB
·
May 12, 2025

တရက်တာအတွင်း ကမ္ဘာ့ရွှေစျေး တအောင်စကို ဒေါ်လာ ၁၀၀ ကျော် ကျဆင်းခဲ့ပြီး မြန်မာရွှေစျေးလည်း တကျပ်သားကို ကျပ် ၁၀၀,၀၀၀ ကျော် စျေးပြန်ကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ မနေ့က တအောင်စကို ၃,၃၂၆ ဒေါ်လာအထိ တက်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ ၃,၂၁၃ ဒေါ်လာအထိ ပြန်လျော့ကျလာခဲ့ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၃ ရာခိုင်နှုန်းကျော် ပြန်ကျဆင်းလာတာပါ။

‌တရက်တည်းမှာပဲ ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၀၀ ကျော် ကျဆင်းခဲ့တာကြောင့် မြန်မာပြည်တွင်း ရွှေဈေးလည်း တပြိုင်နက်တည်း လိုက်ပါကျဆင်းလာပါတယ်။

မနေ့က ပြည်တွင်းရွှေ တကျပ်သားဈေးနှုန်းဟာ ၇,၆၂၀,၀၀၀ ကျပ်အထိ ရှိခဲ့ပေမဲ့ ဒီနေ့ ညနေပိုင်းမှာ ၇,၄၉၀,၀၀၀ ဝန်းကျင်အထိ ပြန်လျော့ကျလာတာ တွေ့ရပါတယ်။

ရွှေဈေးကွက် စောင့်ကြည့်သူတယောက်က “ကမ္ဘာရွှေဈေးက ဒီနေ့ ဒေါ်လာ ၁၀၀ ကျော်အထိ ကျထားတယ်။ ဒီနေ့ညနေပိုင်းမှာ တအောင်စကို ၃,၂၁၃ အထိ ကျထားတယ်။ ၃,၂၀၀ အောက်ထိ ဆက်ဆင်းဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ” လို့ သုံးသပ်ပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး အတက်အကျကြောင့် မြန်မာ့ရွှေဈေးလည်း မတည်မငြိမ်ဖြစ်နေတာပါ။

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကတော့ တဒေါ်လာကို ၄,၄၁၀ ကျပ်ဝန်းကျင်မှာ ဆက်လက်ဈေးငြိမ်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) သတ်မှတ် ဈေးကလည်း ၅,၇၁၀,၀၀၀ ကျပ်နဲ့ ဈေးဆက်ငြိမ်နေဝာာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013