
ကမ္ဘာရွှေဈေးက ဧပြီလအတွင်း အမြင့်ဆုံး ဈေးတန်းအဖြစ် တအောင်စကို ဒေါ်လာ ၃၅၀၀ ဝန်းကျင်အထိ အတက်ရှိခဲ့ပေမဲ့ တဖြည်းဖြည်း ပြန်ကျဆင်းလာပြီး မေ ၁ ရက် မနက်မှာ တအောင်စကို ဒေါ်လာ ၃၂၂၀ ဝန်းကျင်ထိ အကျရှိခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးဟာလည်း ဧပြီလအတွင်း အမြင့်ဆုံးဈေးတန်းအဖြစ် ၇၅ သိန်းကျော်အထိ ရောက်ရှိသွားခဲ့ရာက လက်ရှိမှာတော့ ကမ္ဘာ့ရွှေဈေးနဲ့အတူတူ တဖြည်းဖြည်း ကျဆင်းလာတာ တွေ့ရပါတယ်။
ဒီနေ့ မေ ၁ ရက် မနက်ပိုင်းမှာ ပြည်တွင်း ရွှေဈေးက တကျပ်သားကို ၇၄၀၀၀၀၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
လတ်တလောမှာ အပြန်အလှန် သွင်းကုန် အခွန်တိုးမြှင့်ကောက်ခံပြီး ကုန်သွယ်ရေး စစ်ပွဲဖြစ်နေတာ၊ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် ကမ္ဘာရွှေဈေးဟာလည်း အတက်အကျ မြန်နေပါတယ်။
ဈေးကွက်ရဲ့ မတည်ငြိမ်မှုအပေါ် သတိပြုပြီး ရင်းနှီးမြှုပ်နှံမှုတွေကို သေချာ စဉ်းစားဆောင်ရွက်ဖို့ စီးပွားရေးပညာရှင်တွေက တိုက်တွန်းထားကြပါတယ်။