
ရုရှား Tu-95MS နျူကလီးယားစွမ်းရည်သုံး မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ ဘားရန့်စ်ပင်လယ်ထဲက နိုင်ငံတကာရေပိုင်နက်ပေါ်မှာ ၄ နာရီကြာ ပုံမှန်ကင်းလှည့်ပျံသန်းလို့ ပြီးပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုင်ငံခြားတိုက်လေယာဉ်တွေက ရုရှားရဲ့ ပျံသန်းမှုကို ခြေရာခံဖို့ အလုအယက် ကြိုးစား ပျံသန်းခဲ့တယ်လို့ အစောပိုင်းမှာ TASS သတင်းဌာန အပါအဝင် ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ သတင်းအေဂျင်စီတွေက သူတို့ရဲ့ အစီရင်ခံစာတွေကို ပြန်ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြား တိုက်လေယာဉ်တွေ အလုအယက်ပျံသန်းခဲ့တယ်ဆိုတဲ့ ဖော်ပြချက်ကို ပြန်ဖြုတ်ထားခဲ့ပါတယ်။
နိုင်ငံခြား ဂျက်တိုက်လေယာဉ်တွေ ပျံသန်းခဲ့တဲ့အကြောင်းကို ဖော်ပြထားတဲ့ အင်တာဖက်စ် သတင်းဌာနက သူ့အစီရင်ခံစာကို ရုပ်သိမ်းပြီး သတင်းအသစ်ကို ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားရေတပ်ရဲ့ Su-33 ဂျက်တိုက်လေယာဉ်တွေဟာ ၄ နာရီကြာ ပျံသန်းမှုအတွင်း ဗုံးကြဲ လေယာဉ်တွေကို စောင့်ကြပ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters