
ဆူဒန်နိုင်ငံ ဒါဖာဒေသမှာ ကာလဝမ်းရောဂါ အမြန်ကူးစက်ပျံ့နှံ့နေပြီး လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း လူ ၄၀ သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၇ ရက်အတွင်း ကာလဝမ်းရောဂါ လူနာပေါင်း ၂,၃၀၀ ကျော်ကို ကုသပေးခဲ့တယ်လို့ MSF က ပြောပါတယ်။
ဆူဒန်မှာ ဆက်ဖြစ်နေတဲ့ ပြည်တွင်းစစ်အတွင်း ရပ်ရွာလူထုကို ထိခိုက်နစ်နာစေတဲ့ ရေရှားပါးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုကျမှုကြောင့် အသက်အန္တရာယ်ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ အမြန်ပျံ့နှံ့ခဲ့တာပါ။
အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အန္တရာယ်အများဆုံးဖြစ်တယ်လို့ MSF က ပြောပါတယ်။
ဆူဒန်စစ်တပ်၊ မဟာမိတ်တွေနဲ့ ပြိုင်ဘက်အရန်စစ်တပ်ဖြစ်တဲ့ အမြန်ထောက်ပံ့ရေးတပ် (RSF) တို့ကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ရောဂါဘယတွေဖြစ်ပြီး ပြည်သူအများအပြားကို အငတ်ဘေးဆီ တွန်းပို့ခဲ့ပါတယ်။
ဒါဖာပြည်နယ်အုပ်ချုပ်ရေးမှူး မီနီအာကို မီနာဝီက RSF ရဲ့ သိမ်းပိုက်မှုအောက်က ဒေသတွေမှာ ရောဂါဖြစ်ပွားမှု အများစုကို စုစည်းမိတယ်လို့ အခိုင်အမာ ပြောထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး ရောဂါဖြစ်ပွားသူ အယောက်တသိန်းလောက်ကို အစီရင်ခံထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားပါတယ်။
ကာလ၀မ်းရောဂါဟာ ညံ့ဖျင်းတဲ့ မိလ္လာစနစ်နဲ့ ရေသန့်မရတဲ့ နေရာတွေမှာ ပျံ့နှံ့တာဖြစ်လို့ ဆင်းရဲမွဲတေမှု ရောဂါအဖြစ် WHO က သတ်မှတ် ဖော်ပြခဲ့ပါတယ်။
Source: Reuters