
ပီရူးနိုင်ငံ အူကာယာ့လီဒေသ အာတာလာ့ယာပြည်နယ်ရှိ ပီရူအာနိတို ဆိပ်ကမ်းမှာ အကြီးအကျယ် မီးလောင်ခဲ့ပြီး လောင်စာတင်ဆောင်ထားတဲ့ သင်္ဘောတစင်း ပျက်စီးခဲ့ကာ လူ ၃ ယောက် ဒဏ်ရာရရှိသွားကြောင်းနဲ့ သူတို့ထဲက တယောက်ဟာ တတိယအဆင့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြပါတယ်။
သင်္ဘောပေါ်မှာ မီးက ရုတ်တရက် လောင်ကျွမ်းသွားပြီး ကုန်းပတ်ကို မြန်မြန်ဆန်ဆန် ပျံ့နှံ့ လောင်ကျွမ်းသွားကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
မီးလောင်မှုဟာ အနီးရှိ လောင်စာဆီတင်သင်္ဘောကို ထိခိုက်စေဖို့ ခြိမ်းခြောက်ခဲ့ပေမဲ့ မီးသတ်သမားတွေဟာ အန္တရာယ်ကို ဖယ်ရှားနိုင်ခဲ့ကြတယ်လို့ အာတာလာ့ယာ မီးသတ်တပ်ဖွဲ့က ဒုတိယဗိုလ် အက်ဒရီယို ဖားရိုက ပြောဆိုပါတယ်။
မြစ်ကူးသင်္ဘောဟာ လွတ်ထွက်သွားပြီး ရေထဲမျောပါသွားတာကြောင့် ရေတပ်ဟာ သောင်မတက်မချင်း ဘေးကင်းရေးအစီအမံတွေကို တပ်ဆင်ခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို အာတာလာ့ယာရှိ ကျန်းမာရေးဌာနကို ပို့ဆောင်ခဲ့ပြီး အပြင်းထန်ဆုံး ဒဏ်ရာရသူကို အထူးကြပ်မတ် ကုသပေးနေပါတယ်။
ဒီမီးလောင်မှုဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်လား၊ လောင်စာဆီယိုစိမ့်မှုကြောင့်လား ဒါမှမဟုတ် မီးလောင်လွယ်တဲ့ပစ္စည်းတွေကို ကိုင်တွယ်ပုံ မှားယွင်းခြင်းကြောင့် ဖြစ်ပွားခဲ့တာလား ဆိုတာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters