Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်
DVB
·
August 13, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးကို စစ်တပ်က အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် သြဂုတ် ၁၂ ရက်မှာ  တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။

KNDF ပြန်ကြားရေးတာဝန်ခံက “ဒီးမော့ဆိုမြို့ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီးတော့ တပ်ဖြန့် တပ်စွဲတာတွေ လုပ်တယ်ပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိခိုက်သေဆုံးရမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်တပ်က ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေထဲကို သြဂုတ်လ ဒုတိယအပတ်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတယောက် ထိခိုက်ခဲ့ပါတယ်။

စစ်တပ်က မိုးဗြဲကို ရရှိပြီးတဲ့နောက် ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးခဲ့ပြီး ခုလက်ရှိမှာ ဒီးမော့ဆိုနဲ့ ဖရူဆိုကို စစ်ကြောင်းထိုးနိုင်ဖို့ စစ်အင်အား ဖြည့်တင်းနေပါတယ်။

ပြီးခဲ့တဲ့ ၁ လ ၂ လ အတွင်းမှာ ဖရူဆိုမြို့နယ်အတွင်းက စစ်တပ်ရဲ့ အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ ခမရ ၅၃၁၊ ခလရ ၄၂၈ တပ်စခန်းတွေမှာ လေထီးကနေတဆင့် ရိက္ခာနဲ့ စစ်လက်နက် ဖြည့်တင်းတာတွေရှိပါတယ်။

စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားတာတွေကြောင့် တိုက်ပွဲ ဖြစ်လာနိုင်တဲ့အတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ပြည်သူတွေ အသုံးမပြုကြဖို့ KNDF က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024